-11-

4.9K 603 22
                                    

UNICODE//

သူဖျားနေပြီ။ဖျားတာမှအသားတွေ ခြစ်ခြစ်တောက်ပူအောင်ကိုဖျားနေတာ။ခေါင်းတစ်ခုလုံးသာမက ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဆယ်ပေါင်တူနဲ့ထုခံထားသလိုကို ကိုက်ခဲနေသည်။ဒါပေမယ့်ဘယ်သူ့ကိုမှ အကူအညီမတောင်းချင်။ဒီခရီးကို စပြီးရွက်လွှင့်ကတည်းက မလွယ်မှန်းသိသည်။အိမ်ကိုအရွဲ့တိုက်ချင်စိတ်အခံနဲ့ဆိုတော့ ပိုဆိုးသည်။သူဒီကိုရောက်တာဘယ်လောက်မှ မကြာသေးပေမယ့် ကျောင်းတောင်မတတ်သေးဘဲ သူနေချင်သလိုနေတယ်။လုပ်ချင်ရာတွေလုပ်တယ်။နောက်ဆက်တွဲကတော့ သူဖျားပြီ။

လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ဖျားနေတာဆိုပေမယ့် သူပေကုတ်ကပ်ပြီး ဖြစ်သလိုနေနေသေးသည်။ဒီနေ့ကျတော့ မရတော့။သိသိသာသာနေရထိုင်ရခက်လာတာမလို့ဆေးသွားဝယ်ဖို့ ကားစက်နှိုးမယ်ကြံတော့ ရုတ်တရက်အင်ဂျင်ကဘာဖြစ်မှန်းမသိဘဲစက်သံက မငြိမ်။အရင်စိတ်နဲ့ဆို လိုက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်လို့ဂျီကျလောက်ပေမဲ့ အခုတော့'ကားမောင်းရမှာကိုမင်းပျင်းနေရင် လွယ်လွယ်ကူကူစီးဖို့'ဆိုပြီးဝယ်ပေးထားတဲ့ စက်ဘီးကိုဘေးဂိုထောင်မှ သွားထုတ်သည်။

သူ့ကိုယ်သူအားတင်းပြီး စက်ဘီးကိုခွလိုက်ပြီး ဟူဒီကခေါင်းစွပ်ကိုခေါင်းကိုဆောင်းလိုက်သည်။ခြံစောင့်ကလည်းသူဖျားနေတာကိုမသိ၊သိလျှင်နေမှာမဟုတ် အိမ်ကိုအကြောင်းပြန်မှာပင်။သူထွက်လာတုန်းကအကောင်းပင် အကွေ့ကိုကွေ့တဲ့အချိန်မှာလူကရုတ်တရက်မိုက်ခနဲဖြစ်သွားပြီး နောက်တစ်ဖက်ကထွက်လာတဲ့ ကားနဲ့ ဘီးချင်းတိုက်မိသည်။သူလဲကျသွားတာကိုသာသိလိုက်ပြီး အဖျားရှိန်နဲ့သတိမေ့သွားသည်။

"ဟေ့ ဟေ့ ဟေ့"

သူပါးကိုခပ်ဆက်ဆက်ပုတ်လိုက်သည်။ကောင်လေးကသူခေါ်တာကို မတုံ့ပြန်။ကိုယ်ကလည်း ပူခြစ်တောက်နေသည်။ပုံဆောင်ပျာသွားသည်။အကွေ့ဘက်ကနေကောင်လေးတစ်ယောက်ကစက်ဘီးစီးလာတာ။သူ့ကားနဲ့လည်းအရမ်းကြီးမထိမိပါ။ဒါပေမယ့် လဲကျသွားတော့ သူကားပေါ်ကနေချက်ချင်းဆင်းပြီး အနားသွားကြည့်လိုက်သည်။ပြဿနာပဲ။လူတွေကအုံလာသည်။

Because of YouWhere stories live. Discover now