-24-

5.6K 361 28
                                    

UNICODE//
ဘဝမှာမမျှော်လင့်ဘဲ ကောင်လေးတစ်ယောက်နဲ့ချစ်ကြိုက်မိလိမ့်မည်ဟု ပုံဆောင်ဘယ်တုန်းကမှမထင်ခဲ့ဖူးပါ။သူနဲ့မချစ်မိသေးခင်အချိန်ထိကတော့ ရင်ခုန်သံဆိုတာကိုယ်နဲ့မသက်ဆိုင်ခဲ့သလိုပါပဲ။ချစ်ခြင်းဆိုတဲ့ချိုမြိန်တဲ့အရသာကို မြည်းစမ်းပြီးတဲ့နောက်မှာတော့ သာယာယစ်မူးခြင်းဆိုတဲ့ ဆွဲဆောင်ငြှို့ငင်တတ်သော သဘောသဘာဝအောက်မှာ လူကအလဲလဲအကွဲကွဲ။

နေမြဲနေ သွားမြဲသွား နေရာကနေ ယခုတော့ ဘေးနားကနေတွတ်တီးတွတ်တာလုပ်မည့်ချစ်သူတစ်ယောက်ကရလာပြီဖြစ်သည်။ကိုယ်ကငြိမ်ငြိမ်နေချင်ရင်တောင် သူကမရ။လူကိုတွေ့ပြီဆိုတာနဲ့ဇွတ်နမ်းလိုက် ဇွတ်ဖက်လိုက်နဲ့ အနားကနေကိုတဖဝါးမခွါ။

နှစ်ယောက်သားက မင်းခမ်းနားကိုပဲအနိုင်ကျင့်ပြီး သူ့ကလပ်မှာနေပြီး သူ့ကိုတော့ နှင်ထုတ်သည်။ယခုလည်း အိမ်ပြန်မပို့ချင်သေးဘူးဆိုပြီး လမ်းလျှောက်ကြစို့ဟုဆိုကာ လမ်းလျှောက်မယ်ဖြစ်ကြပြန်ရော။

"ကျေနပ်ပြီလား"

"မကျေနပ်သေးပါဘူး...ဘာလို့လဲညောင်းပြီလား"

ချိန်းကမေးလည်းမေးရင်း နှစ်ယောက်သားလက်ချောင်းချင်းယှက်သွယ်ထားတဲ့လက်ဖဝါးနှစ်ခုကို သူ့နှုတ်ခမ်းနားထိဆွဲယူလိုက်ပြီး ပုံဆောင့်လက်ဖမိုးလေးကိုနမ်းလာသည်။

မင်းခမ်းနားကလပ်ကအပြန်ကို ကားမောင်းပြီး မပြန်ဘဲ လမ်းလျှောက်ပြန်မည်ဟူ၍ ဆိုလာကာ ချိန်းသူ့ကားထားခဲ့ပြီး လမ်းလျှောက်ဖြစ်ကြသည်။မာကျူရီမီးတိုင်တွေအောက်မှာ နှစ်ယောက်သားပြောလိုက်ဆိုလိုက် ထိကပါးရိကပါးလုပ်လိုက်နှင့်လျှောက်လာသည်မှာ တော်တော်ဝေးဝေးကိုရောက်လာနေပြီဖြစ်သည်။

"ဟိုးနားကကုန်းလေးထိရောက်အောင်လျှောက်မယ် ပြီးရင်အဲ့မှာထိုင်ပြီးရင်ကားလှမ်းခေါ်ကြမယ်"

ပုံဆောင်က လက်ညှိုးထိုးပြီးကုန်းလေးကိုညွှန်လိုက်ပြီး ချိန်းကို ဘေးကနေပြောလိုက်သည်။ရှေ့သို့ဆက်လက်လျှောက်နေရင်းမှ...။

"ဘာဖြစ်လို့လဲ"

ချိန်းကလမ်းလျှောက်နေရင်း ရပ်ပစ်လိုက်တော့ ကြားထဲမှာတွဲထားတဲ့လက်က တန့်သွားသောကြောင့် ပုံဆောင်ချိန်းကိုနောက်လှည့်ပြီးမေးလိုက်သည်။

Because of YouWhere stories live. Discover now