-20-

6.1K 361 14
                                    


UNICODE//

ပုံဆောင်ရင်တွေ တဒုန်းဒုန်းနဲ့တအားခုန်နေတာ ခုချိန်ထိမရပ်သေး။ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရသည်။ထို့အပြင်ခြေဖျားလက်ဖျားတွေကလည်း အေးစက်နေသည်။အခန်းထဲမှာ တစ်ယောက်တည်း ငုတ်တုတ်ထိုင်ပြီး မျက်နှာကိုလက်ဖဝါးဖြင့်ဖိပွတ်နေမိသည်။သူဘာဖြစ်သွားတာလဲ။တစ်ချိန်တည်းမှာ လူတစ်ကိုယ်လုံးကအားအင်တွေကို ထိုအနမ်းတစ်ရှိုက််ကစုတ်ယူသွားပြီး ဘာဆိုဘာမှမသိတော့ဘဲ အရာအားလုံးကိုမေ့လျော့သွားသည်။တုန့်ပြန်ဖို့ကိုပါသတိမရတော့သည်အထိ။

တဒင်္ဂအတွင်းမှာ ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းမသိ။ချိန်းသူ့အပေါ်မှာ ထိုကဲ့သို့သောခံစားချက်တွေရှိနေလိမ့်မည်ဟု သူလည်းထင်မထား။သူ့ဘက်ကခံစားချက်တွေကိုကြေငြာလာချိန်မှာ ကိုယ့်ဘက်မှာတုံ့ပြန်စရာဘာမှမရှိ။ဒေါသလည်းမထွက်သလို ရွံရှာတာတွေလည်းမဖြစ်ဘဲ ရုတ်တရက်မလို့လန့်သွားရုံကလွဲပြီး ဘာဆိုဘာမှဖြစ်မလာ။ပြီးတော့တစ်သက်နှင့်တကိုယ်တစ်ခါမှမှ မနမ်းဖူးတာ...။အဲဒါပထမဆုံးအနမ်းကြီးလေ..ပြီးတော့နမ်းတဲ့သူကချိန်းတဲ့...။ဒါ့အပြင်ကိုယ့်ကိုမှ ချစ်ပါသည် ကြိုက်ပါသည်တဲ့။တကယ်ကိုထင်မထားတာမှ အကြီးကြီးထင်မထားခဲ့တာ။သူဘယ်လိုလုပ်ရပါ့...။

သို့သော်...ရင်တွေတော့ခုန်နေသည်။

ခပ်နွေးနွေးရေနွေးစီးကြောင်းတစ်ခုက နှလုံးသားကိုဗဟိုပြုပြီးစီးဆင်းလာကာ ထိုမှတစ်ဆင့်ခန္ဓာကိုယ်ရှိသွေးကြောတိုင်းကို ခွဲဖြာသွားသလို ရင်ထဲမှာတော့နွေးနေသည်။

"ကျစ်"

သူအိပ်ယာပေါ်ကိုလှဲချလိုက်သည်။ဘာလဲ။ဘာလဲ။ဘာလဲကွာ။ဒီခံစားချက်ကြီးက ဘာကြီးလဲ။သူတစ်စုံတစ်ယောက်ကိုမှ မထိတွေ့ဖူးလို့များလား။ဒါပေမယ့်မဖြစ်နိုင်။တခြားသူထိတွေ့တာ၊အနားကပ်ရင်တောင် လက်မခံနိုင်တဲ့သူက သူ့ကျမှ...။

"အားးအဲ့တိရိစ္ဆာန်ကြောင့်"

အော်ဆဲလိုက်ရင်း ပုံဆောင်တစ်ယောက် လှဲနေရာမှ အိပ်ယာပေါ်မှာဝမ်းလျားမှောက်လိုက်ပြီး ခေါင်းကိုခေါင်းအုံးဖြင့်ဆွဲယူပြီးဖိချလိုက်သည်။

Because of YouWhere stories live. Discover now