UNICODE//
အပေါ်ထပ်မှာရှိတဲ့ကလပ်တစ်ခုလုံးက ဆူညံနေပေမယ့် သူတို့ထိုင်နေတဲ့နေရာမှာတော့တိတ်ဆိတ်နေသည်။မြေအောက်ခန်းလိုမျိုးမှာမှ ကလက်စစ်ကယ်ဆန်ဆန် ဘားသက်သက်ထပ်ထည့်ထားခြင်းပင်။
သီးသန့်မိတ်ဆွေတွေအနေနဲ့ တိတ်တိတ်ဆိတ်ဆိတ်သောက်လိုလျှင် အဆင်ပြေအောင်ဖွင့်ပေးထားခြင်းဖြစ်ပြီး လောင်းကစား၊ကာစီနို၊ဘိလိယက် ကြိုက်ရာလုပ်လို့ရသည်။အခန်းထဲမှာ သူတို့လေးယောက်ကလွဲပြီး အလုပ်သမားအနည်းငယ်သာရှိသည်။တခြားမိတ်ဆွေ မရှိ။
ပြိုင်ပွဲပြီးလို့ပြန်တော့မည့်အချိန်မှာ မင်းခမ်းနားကအောင်ပွဲခံတဲ့အနေနဲ့ သူပိုင်တဲ့ကလပ်ကိုသွားမည်ဆိုလို့ ရောက်နေကြတာ။မင်းခမ်းနားရဲ့ကလပ်မှာက သူတို့လေးယောက်လုံးလာချင်သလိုလာ သွားချင်သလိုသွားလို့ရသည့်အပြင် ကိုယ်ကြိုက်ရာလည်းကိုယ်လုပ်လို့ရတော့ သူတို့အမြဲလိုလိုဆုံဖြစ်ကြသည်။ယခုလည်း....။
လေးယောက်စလုံးပွဲမှာတုန်းကလည်းပါတီပေးတဲ့အနေနဲ့ သောက်ထားကြတဲ့အပြင် ဒီရောက်တော့လည်း ဝမ်းရှော့ဆိုပြီး သောက်ကြတာနဲ့တစ်ခါအောင်ပွဲဆိုပြီးတစ်ခွက်ပြီးတစ်ခွက်မော့ထားတော့ ခေါင်းထဲမှာရီဝေဝေတော့ဖြစ်နေကြသည်။
"ချိန်း...ခမ်းနားးးပုံဆောင်..."
နာမည်ခေါ်လိုက်တာပေမဲ့ မူးနေတော့ ဝဏ္ဏအသံကအာလေးလျှာလေးကြီးဖြစ်နေသည်။
"သူငယ်ချင်းတို့ ငါမင်းတို့နဲ့ခွဲရတော့မယ်။ငါ့ဘိုးတော်ကငါ့ကို USကိုဒိုးတော့တဲ့"
ဝဏ္ဏပြောလည်းပြောသည်။လက်ထဲကခွက်ထဲရှိလက်ကျန်ကိုလည်းမော့သောက်လိုက်သည်။ဝဏ္ဏအဖေက ဝန်ကြီးချုပ်ဖြစ်သည်။နီးကပ်လာသောရွေးကောက်ပွဲမှာ သူ့သားလူဆိုးကြောင့်သူ့ထိုင်ခုံနေရာလှုပ်လာမှာစိုးလို့ အတင်းUSကို လွှတ်နေခြင်းဖြစ်သည်။
"ဘိုးတော်က ငါ့ကို မင်းဒီလိုမျိုးသာနေရင်တစ်နေ့နေ့မှာ ***ဝန်ကြီးချုပ်သားကအနိုင်ကျင့်တယ် သောင်းကြမ်းရမ်းကားတယ်ဆိုပြီးဆိုးဝါးတဲ့အကြောင်းတစ်မျိုးမျိုးနဲ့ပတ်သတ်ပြီးသတင်းစာခေါင်းကြီးပိုင်းမှာ ပါလာနိုင်တယ် မင်းကိုလည်းလိုက်မထိန်းနိုင်ဘူး အဲ့တော့ ပညာတော်သင်အနေနဲ့ နိုင်ငံခြားကိုသွားတော့တဲ့ ဒီညကားပြိုင်ပွဲရှိတာကိုလည်းဘယ်လိုသိသွားလဲမသိဘူး မင်းဝင်မပြိုင်ရဘူး ဆိုပြီးအမိန့်ထုတ်တယ် ဟားးးးးဆိုးလိုက်တဲ့ငါ့ဘဝ"
YOU ARE READING
Because of You