-16-

4.8K 357 12
                                    

UNICODE//

"သားဖြေနိုင်လား"

အိမ်ထဲဝင်လာတဲ့မြင့်မားကို ဒေါ်လေးလေးမြင့်မားက ဆီးပြီးမေးလိုက်သည်။

"လုံးဝအပိုင်ပဲ"

မြင့်မားပြောရဲသည်။အောင်ကိုအောင်မှာပင်။ဆေးကျောင်းသားဖြစ်ရတာ တကယ်ကိုစိတ်ရောကိုယ်ပါပင်ပန်းတာ ကိုယ်တင်မဟုတ် တစ်အိမ်လုံး။အန်တီလေးကသူ့ကိုမယုံသလိုပြူးကြည့်နေသည်။

သူပြုံးလိုက်သည်။မအောင်ဘဲဘယ်နေလိမ့်မလဲ။ဂိုက်ဆရာကလည်းတော်တယ်လေ။တကယ်ကိုဟိုက်ပါကြီးနော်။ရှင်းပြလိုက်တာများ တစ်ခါတည်းအသံလေးကပါနားထဲစွဲတာဆို။သတိရလို့အသံကြားချင်ရင် စာသာရှင်းပြဖို့အကူအညီတောင်းလိုက်။စာမေးပွဲအတွက်ပူနေတဲ့ ရင်ပူတာတောင်ပျောက်သွားရော။တကယ်ကို ရွှေရင်အေး။

"အံမယ်သေချာတယ်ပေါ့"

"ဟုတ်တယ်ဆို ခုတော့သားတအားပင်ပန်းနေပြီ ပြီးတော့အိပ်လည်းအိပ်ချင်တယ်..."

"ထမင်းမစားတော့ဘူးလား"

"တော်ပြီ အိပ်ပဲအိပ်တော့မယ်"

"ဟုတ်ပါပြီရှင် ဘာမှကိုမလုပ်နိုင်တော့ဘူးပေါ့"

"မရတော့ဘူး အိပ်တော့မယ် ပြီးတော့မှ ရေချိုးတော့မယ် ညကျသွားစရာရှိသေးတယ်"

မြင့်မားအပေါ်တက်သွားတော့ နောက်ကနေ​ဒေါ်လေးလေးမြင့်မားပါလိုက်လာသည်။မြင့်မားအိပ်ရာပေါ်သို့ မှောက်ယက်သား ဘုန်းခနဲ လှဲချလိုက်သည်။

"ဟူးးးအခုမှပဲ"

"ငါ့သားလေးပင်ပန်းသွားပြီ"

"အွန်းးးး"

ပြောနေတုန်းရုတ်တရက်ငေါက်ဆို ကုန်းရုန်းထသည်။ဒေါ်လေးလေးမြင့်မားလန့်သွားပြီး...၊

"ဘာဖြစ်လို့လဲ!"

"ဘာမှမဖြစ်ဘူး"

မြင့်မား စာမေးပွဲဖြေကတည်းကလွယ်အိတ်ထဲရောက်နေတဲ့ဖုန်းကိုထုတ်လိုက်ပြီး...၊

"ဟယ်လို ခင်ဗျားလား"

"ခင်ဗျားညကျအဲ့ပွဲကိုသွားမှာလား"

"တကယ်"

မြူးတူးစွာပြောလိုက်သည်မှာ အသံတော်တော်ကျယ်သွားသည်။

Because of YouWhere stories live. Discover now