-31-

5.1K 322 19
                                    

UNICODE//

"စီအီးအိုဖြစ်သွားပြီဆိုတော့ ကျွန်တော့်သူငယ်ချင်းရဲ့ လွတ်လပ်မှုတွေဟာကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်မင်းခမ်းနားသူငယ်ချင်းတစ်ယောက်အနေနဲ့အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း"

"ချီးယား..."

ခွက်တိုက်သံတချွင်ချွင်အပြီး လက်ထဲကခွက်တွေကိုမော့ပစ်လိုက်တာ တပြိုင်နက်တည်း။လက်မှတ်ထိုးပွဲပြီးနောက်နေ့ညနေ ချိန်းရဲ့ဂုဏ်ပြုပွဲကိုအင်ပါယာမှာကျင်းပပြီးတာနဲ့ ယခုမင်းခမ်းနားကလပ်မှာ သူရယ်၊ပုံဆောင်ရယ်၊ခမ်းနားရယ် သုံးယောက်တည်းထပ်ကျင်းပခြင်းဖြစ်သည်။ဝဏ္ဏကတော့ ဒီမှာမရှိတော့ ဖုန်းနဲ့ပဲလှမ်းဂုဏ်ပြုပေးရသည်။မင်းခမ်းနားရဲ့အူကြောင်ကြောင် ချီးမွမ်းမှုအပြီး...၊

"ဘော့စ် ကျွန်တော်လည်းရှယ်ယာဝင်ပြီး နေရာတစ်နေရာလိုချင်လို့"

"မရဘူး မင်းအရည်အချင်းနဲ့ အင်ပါယာက မင်းကိုရှယ်ယာဝင်ခွင့်မပြုဘူး"

"ဟာ...အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်လည်း နောက်ထပ်နောက်ထပ်ချမ်းသာချင်လို့ပါခင်ဗျကျွန်တော့် ကလပ်လေးတွေကလည်း ဝင်ငွေသိပ်မကောင်းတော့ ကျွန်တော့်မှာ ရှိသမျှကိုမျက်လုံးစုံမှိတ်ရင်းပစ်ချင်လို့ပါ"

"အေး ရင်းချင်နောက်မှရင်း...အခုတော့အလိုက်ကန်းဆိုးမသိတာနဲ့ မင်းကိုရှယ်ယာပေးဝင်ဖို့ကိစ္စက နည်းနည်းစဉ်းစားရတော့မယ်"

ချိန်းကမင်းခမ်းနားကို ခြေထောက်နဲ့လှမ်းကန်ပြီး သွားတော့ ဆိုပြီးတံခါးကိုမေးထိုးပြသည်။ညနေက ပွဲမှာ သူ့ကိုဟိုလူကဂုဏ်ပြု ဒီလူကမိတ်ဆက်နဲ့ သူ့မှာသူတို့နဲ့မနေခဲ့ရပါ။ရည်းစားနားတောင်မကပ်ခဲ့ရ။သူ့အနားခေါ်ထားရင်လည်း စိတ်ရှုတ်ပြီးနေရခက်နေမှာစိုးလို့ သူ့ဘာသာပဲပေးနေခဲ့ရတာ။

ပုံဆောင်က သူ့သောက်ပြီးတဲ့ခွက်ကို စားပွဲပေါ်တင်လိုက်သည်။မင်းခမ်းနားနှင့်ချိန်းဖြစ်နေတာတွေကိုမသိ။မင်းခမ်းနားကချိန်းကို မျက်နှာမဲနှင့်ကြည့်ပြီး တော်တော်ဖြစ်နေလားဆိုပြီး အသံတိတ်ပြောသည်။ထို့နောက်...၊

Because of YouWhere stories live. Discover now