-25-

5.9K 334 13
                                    


UNICODE//

"ပုံဆောင်ထွက်ခဲ့ကွာ"

"မင်းဘာလာလုပ်ပြန်တာလဲ..."

"မင်းကရော အဲ့ရေချိုးခန်းကြီးထဲမှာပဲထာဝရနေသွားတော့မလို့လား"

ဟိုအရင်တုန်းကတော့ ကိုယ့်အခန်းထဲကိုဆိုမလာချင်တာလိုလို ဘာလိုလိုမလို့ စိတ်ထဲမှာ ကသိကအောင့်ဖြစ်ခဲ့ရတာပါ။ယခုများတော့...။

ချိန်း ရေချိုးခန်းတံခါးရှေ့မှာ တောက်တဲ့လိုကပ်နေသည်။ပုံဆောင်ရေချိုးနေတုန်းရောက်လာပြီး ဘယ်ကိုမှမသွားတော့ပဲ သူ့အခန်းထဲမှာပဲဟိုလျှောက်သည်လျှောက်လုပ်နေသည်။

"ငါမင်းကိုမမြင်ဖူးတာမှမဟုတ်တာ"

"မရဘူး..အင်္ကျီလှမ်းပေးမှာလား...မင်းဒီအခန်းထဲကခဏထွက်မှာလား ဒါပဲပြော"

"ဟားးးပြဿနာပဲ လူကိုနှာဗူးများထင်နေတာလား"

ပုံဆောင်မမြင်နိုင်တဲ့တံခါးတစ်ဖက်မှာ ချိန်းခေါင်းကိုပွတ်လိုက် ခါးထောက်လိုက် ကျွတ်သတ်လိုက်နှင့် ရေချိုးခန်းတံခါးကိုစိုက်ကြည့်နေသည်။

"မင်းရှိနေတာကို ငါဘယ်လိုထွက်ရမလဲ ပြီးတော့ခါးမှာတပတ်တစ်ထည်ပဲပတ်ထားရတာကွ..ချမ်းနေပြီဟ"

"အဲ့ဒါထွက်လာခဲ့ပါလား ငါမကြည့်ရင်ပြီးတာပဲကို"

ပုံဆောင် ချိန်းပြောတာကို ကြားပြီးထွက်လိုက်ရမလို အင်္ကျီပဲဆက်တောင်းနေရမလို။ကြည့်တာကပြဿနာမရှိ တကယ်လို့ ဒီပုံစံနဲ့သာထွက်သွားပြီး နှစ်ယောက်သားကထိမိငြိမိသွားကြရင် အနည်းဆုံးဟိုထိဒီထိနဲ့လက်လေ့ကျင့်ခန်းလောက်တော့ဖြစ်သွားကြမှာ။ပုံဆောင်ဘာလုပ်ရမှန်းမသိတော့ပဲ ရေစိုနေတဲ့ခေါင်းကိုလက်ဖြင့်ပွတ်ချလိုက်ပြီး...၊

"ချိန်း ဟိုဘက်လှည့်နေ ငါထွက်လာပြီနော်"

"လူကိုအဲ့လောက်တောင် ယုံရလားကွာ...စိတ်ချမင်းကိုလုံးဝမထိဘူး.."

ချိန်းပြောလည်းပြော ဟိုဘက်ကိုပါတစ်ခါတည်းလှည့်ထားလိုက်သည်။

"ထွက်ခဲ့တော့"

ပုံဆောင်ရေချိုးခန်းတံခါးကိုလှပ်လိုက်တော့ ချိန်းပြုံးလိုက်သည်။သူ့ကိုတွေ့ရဖို့အရေးက လွယ်မနေခဲ့ပါ။ဟိုအရင်ကတည်းက သူကအပြင်ထွက်တတ်တဲ့သူသိပ်မဟုတ်တော့ ကိုယ့်မှာ သူ့ကိုတွေ့ရဖို့အရေးဆို သူ့အိမ်မလာလို့ကမရ။

Because of YouWhere stories live. Discover now