-17-

4.9K 371 14
                                    


UNICODE//

"မင်းဘယ်မှာလဲ"

"အပြင်မှာ...ဘာလို့လဲ"

ချိန်းအပြင်ရောက်နေတဲ့အချိန်မှာ ပုံဆောင်ဖုန်းဆက်ပြီးဘယ်မှာလဲမေးတယ်ဆိုတာနည်းနည်းရှားသည်။သူထိုင်နေတဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ စွေးစွေးနီကိုသူကြည့်လိုက်သည်။သူဒီနေ့အင်ပါယာကို ဆောက်လုပ်ရေးကိစ္စနဲ့သွားတော့ တွေ့ကြတာ။နောက်ပရောဂျက်က သူ့အဖေဦးရဲထွဋ်တို့နဲ့ အင်ပါယာနဲ့ပူးပေါင်းပြီးဆောက်မည့် ကွန်ဒိုကိစ္စတွေပြောနေကြတာကို စွေးကအပြန်မုန့်လိုက်ကျွေးပါဆိုလို့ ဆိုင်ထိုင်နေကြတာ။သူပြန်မေးလိုက်တော့တစ်ဖက်ကပြောလာသည်။

"ငါမင်းကိုအကူအညီတောင်းစရာရှိလို့"

"ဟင်"

အံ့ဩစရာတော့ကောင်းနေပါပြီ။သူအံ့ဩသွားတော့ဆက်ပြောလာသည်။

"အိမ်လာခဲ့"

"မင်းခေါ်တိုင်းငါကဘာလို့လာရမှာလဲ!"

"လာခဲ့စမ်းပါ"

"ငါဒီမှာအသိတစ်ယောက်နဲ့ထိုင်နေတာ"

"အဲဒါဆိုလည်း ထရပ်ပြီးလာခဲ့ကွာ"

"ဟ!...ဘာဖြစ်လို့လဲ"

"သိချင်လာခဲ့"

ပြောပြီးဖုန်းကိုပါတစ်ခါတည်းချသွားသည်။

"ချိန်းသွားစရာရှိလို့လား"

"ရပါတယ် မင်းဆက်ပြောလေ"

"တို့ချိန်းကိုမတွေ့တာကျွန်းကပြန်ရောက်ကတည်းကဆိုတော့ တို့တင်လိုက်တဲ့ပုံကိုချိန်းစိတ်တော့မခုပါဘူးနော်"

"မခုပါဘူး"

ချိန်းတစ်ကယ်မခုတာ။ဒါ့အပြင်ကျေးဇူးပါတင်နေသေးသည်။သူ့ကျေးဇူးကြောင့် ပြတ်သွားတဲ့ဇာတ်လမ်းတွေမနည်း။မခုဘူးလို့ပြောလိုက်တော့သူမမျက်နှာလေး ပြုံးရောင်သန်းသွားသည်။

"တကယ်ပေါ့..."

ချိန်းဘာမှမပြောတော့ သူမကပဲဆက်ပြီး ပြောလာသည်။

"တို့လည်းဒီတိုင်းဘဲတင်လိုက်တာ...သဘောကျလို့"

"ကိုယ်အဲ့ပုံကိုမြင်တောင်မမြင်ရသေးဘူး"

Because of YouWhere stories live. Discover now