-18-

5.1K 335 4
                                    


UNICODE//

ဒီဇင်ဘာအားလပ်ရက်အပြင် နယူးရီယား နှင့်ဆက်စပ်သွားပြီးကျောင်းတွေပိတ် ရုံးတွေပိတ်ကြသည်။လူတိုင်းကပိတ်ရက်ရှည်ကြောင့်မိသားစုတွေစုံစုံလင်လင်ဖြစ်သွားတော့ပျော်ပွဲရွှင်ပွဲလုပ်ကြဖို့ တာစူနေကြသည်။ကုန်တိုက်တွေ မားကတ်တွေမှာလည်းကျိတ်ကျိတ်တိုးစည်ကားနေကြသည်။

နှစ်သစ်တစ်နှစ်ကူးတော့မည်။

"မမမြတ်လည်း ဧကရီတို့နဲ့လိုက်ခဲ့ပါ..ဆူးရင့်ရောမခမ်းရော သားပုံဆောင်ကိုတော့ချိန်းကအပါခေါ်မှာပဲဆိုတော့...တစ်မိသားစုလုံးလိုက်ခဲ့နော်"

"အစကတော့သားတို့သူငယ်ချင်းတွေချည်းသွားကြမလို့.. သူတို့လူငယ်တွေကနှစ်သစ်ကိုအဲ့မှာသွားပြီးပျော်ကြမှာဆိုပြီး ချိန်းအကုန်စီစဉ်ထားတာလေ...အဲ့တော့ဖေဖေကလည်းသူ့မြေးသွားမှာဆိုတော့ဒါဆိုလည်း အင်ပါယာရဲ့ အဲ့မှာဆောက်တဲ့ အဆောက်အဦးတွေရဲ့ထက်ဝက်ကျော်လောက်က လူနေလို့ရနေပြီဆိုပြီး သွားဖို့ထပ်စီစဉ်တာလေ...သူ့အသိမိတ်ဆွေတွေရယ် အင်ပါယာကရှယ်ယာရှင်မိသားစုတွေရော လိုက်ချင်တဲ့သူတွေရောလိုက်ခဲ့ဆိုတော့ လူရာကျော်တော့ပါတယ်"

ဒေါ်ဧကရီဘုန်းရောင်ပြောနေသည်မှာ ဂုဏ်ယူသံတွေနဲ့ပါ။ထိုသို့လိုက်စေချင်ကြောင်းတဖွဖွပြောနေသည့် ဧကရီကိုကြည့်ပြီး သူမတို့လည်းချိန်းဦးစီးဦးဆောင်လုပ်တာဆိုတော့အံ့လည်းဩပျော်လည်းပျော်ပါသည်။

"မမမြတ်က အစကတော့ မလိုက်တော့ဘူးလို့ ဒါပေမယ့်ကိုယ့်ညီမလေးကဒီလောက်ခေါ်မှတော့လိုက်ရမှာပေါ့ ပြီးတော့ ပင်လယ်ကျွန်းပေါ်မှာ အပန်းဖြေကြတာပေါ့ တို့ညီအမတွေ"

"အဟင်းဟင်း ဟုတ်တယ်ဟုတ်တယ်"

ခရီးစဉ်တစ်ခုလုံးကို အင်ပါယာကပဲတာဝန်ယူသည်။နေရေးစားရေးကအစ ခရီးသွားစရိတ်ရော အားလုံးအပြီးအစီးဆိုတော့ လူအင်အားတော်တော်များသည်။ကားကြီးကားငယ်အသွယ်သွယ်နှင့်တစ်မျိုး လူကြီးပိုင်းတွေကျလေယာဉ်နဲ့တစ်ဖုံ။ချိန်းတို့ကတော့လေးယောက်မှကားတစ်စီးယူလာသည်။တစ်ယောက်တစ်လှည့်မောင်းဖြစ်ကြသည်။ဝဏ္ဏကလည်းUSကနေပြန်လာသဖြင့် လေးယောက်သားလုံးပြန်စုံနေကြသည်။

Because of YouWhere stories live. Discover now