-32-

5.3K 312 18
                                    



UNICODE//

"ကိုကို!!"

အိတ်ကိုကိုင်ထားတဲ့လက်ကတင်းခနဲဖြစ်သွားသည်။သူဒီကိုစာအိတ်လာဝယ်တာ။ပြန်လှည့်ကြည့်လိုက်တော့ ကောင်လေးမျက်နှာက ပြိုပဲကျတော့မလို သူ့ကိုပဲဆွဲဖက်တော့မလိုဟန်ပန်တွေဖြစ်သွားသည်။

မြင့်မားရင်ထဲမှာမေးချင်တာတွေအများကြီးရှိနေသည်။ကံတရားကမ,လို့ တိုင်တိုက်ဆိုင်ဆိုင် သူစူပါမားကတ်ကိုရောက်နေချိန်မှာ ကိုကိုနှင့်လာဆုံသည်။ကိုကို့ကို သူဆက်သွယ်လို့မရခဲ့ပါ။သူမူးရူးပြီးဖြစ်ခဲ့တဲ့ကိစ္စကလည်းရှိနေတော့ အိမ်ကိုလည်းမသွားရဲပဲမျိုသိပ်ခံစားနေခဲ့ရတာ။ရင်ထဲမှ တီတီ့ကိုပါလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။တီတီရုတ်တရက်ဝယ်ခိုင်းလိုက်တဲ့ပစ္စည်းကိုဆင်းဝယ်ရင်း သူကိုကို့ တွေ့လိုက်ရတာမလို့လေ။မြင်လိုက်တာနဲ့နောက်ကနေလှမ်းခေါ်လိုက်ပြီး စကားလည်းပြောချင်မိသည့်အတွက်...၊

"ကျွန်တော်နဲ့ခဏလောက်လိုက်ခဲ့ပါလားဟင်..."

ပုံဆောင်ခေါင်းငြိမ့်ပြလိုက်တော့ သူတို့နှစ်ယောက်လုံး အနီးနားက ဆိုင်ထဲသို့ဝင်လိုက်သည်။သူ့အတွက် သံပုရာရည်တစ်ခွက်မှာပြီး မြင့်မားက ကော်ဖီတစ်ခွက်ပဲမှာသည်။ဆိုင်ထဲမှာ သီချင်းသံငြိမ့်ငြိမ့်လေးကလည်းပျံ့လွင့်နေသည်။

"ကိုကို..."

"ပထမဆုံးမင်းငါ့ကို အဲ့လိုဆက်မခေါ်ဖို့တားချင်တယ်"

"အဟွန်း သူမကြိုက်လို့မလား ဟုတ်ပါပြီ ဒါဆို ခင်ဗျားတို့တကယ်တွဲနေကြပြီပေါ့"

"....."

"ခင်ဗျားသိလား ကျွန်တော်ခင်ဗျားကို.."

"စကားဖြတ်ပြောတာမကောင်းပေမဲ့ မင်းရဲ့အဲ့စကားတွေကိုဆို ငါနားမထောင်ချင်ဘူး မြင့်မား"

"ပြောခွင့်တောင်မပေးတော့တာလား"

"မဟုတ်ဘူး မင်းကိုချစ်လာမည့်လူတစ်ယောက်အတွက် အဲ့စကားတွေကို သိမ်းထားစေချင်တာ"

"မသိမ်းချင်ဘူး ကျွန်တော်ချစ်တာခင်ဗျားကိုလေ ပြောခွင့်လေးတောင်မပေးချင်ဘူး ...ခင်ဗျား.. ခင်ဗျားတကယ်ရက်စက်တယ် တကယ်လို့ တကယ်လို့ ခင်ဗျားကိုကျွန်တော်သာသူ့ထက်အရင်ဖွင့်ပြောမိဖြစ်ခဲ့ရင် ကျွန်တော့်မှာလည်းခင်ဗျားကိုပိုင်ဆိုင်ခွင့်ရှိချင်ရှိခဲ့မှာ..."

Because of YouWhere stories live. Discover now