-12-

4.9K 399 13
                                    

UNICODE//

"ငါ့ညီကို တကယ်ကို အားလည်းနာပါတယ် ကျေးဇူးလည်းတင်တယ်"

လူကလည်းအသံနောက်မှာ တစ်ခါတည်းပါလာသည်။သူလည်းထရပ်လိုက်ပြီး...၊

"ကိစ္စမရှိပါဘူး ကိုရဲတို့ရောက်ပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်"

"နေပါဦး"

"နေပါဦးသားရယ်"ဆိုပြီးပါလာတဲ့အန်တီတစ်ယောက်ကပါပြောလာသည်။

"အန်တီက မိုးထိမြင့်မားရဲ့အဒေါ် ဒေါ်လေးလေးမြင့်မား၊ပြီးတော့ သားအန်တီနဲ့ကလည်းမိတ်ဆွေတွေလေ၊သားလေးကိုတော့ မတွေ့ဖူးဘူး မခမ်းနဲ့ ဆူးရင့်ကိုတော့အန်တီသိတယ်သားလေးကိုတကယ်ကျေးဇူးတင်ပါတယ်နောက်မှဘဲ သားအန်တီမြတ်တို့ဆီကိုလာဦးမယ် သားရယ်ပြန်ထိုင်ပါဦး ဧည့်ဝတ်တောင်မကျေရသေးဘူး"

အန်တီကသူ့ကိုနှုတ်ဆက်ပြီး ကိုရဲကတော့သူ့ညီနားရောက်သွားသည်။

"ညီငယ် မင်းဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ ဟမ်.."

မြင့်မားကဘာမှဆက်မပြောတော့ ကိုရဲကချည်းဒိုင်ခံပြောရင်းဆူတော့သည်။

"ဒီလောက်နေမကောင်းဖြစ်တာကို မသိရဘူး"

"ဦးထွန်းသာမပြောရင် ငါတို့သိလိုက်ရမှာတောင်မဟုတ်ဘူး ပြီးတော့ စက်ဘီးစီးသွားတာစက်ဘီးပြန်ပါမလာဘဲ ကားငှါးစီးလာပြီးကားထဲကတောင်ဆွဲထုတ်ရတယ်တဲ့"

"ပုလင်းတောင်ချိတ်ရသေးတယ်"

စကားပြောလိုက်တော့သူ့အသံကအက်ရှနေသည်။

ပုံဆောင်ကတော့ ဘာမှမပြောဘဲဒီတိုင်းလေးပဲရပ်နေသည်။ပြန်လည်းမထိုင်တော့ဘဲ ပြန်ဖို့အရေးဘယ်လိုဘယ်ပုံပြောရမလဲဆိုတာသာ ခေါင်းထဲမှာ အချက်ပေးနေသည်။အန်တီကသူ့ကိုကြည့်ပြီး...၊

"အဲ့ခွေးစုတ်လေးဂြိုလ်မွှေတာလေ၊လေဆိပ်ကနေ ကားကိုလည်းဇွတ်ကိုမောင်းလာရတာ၊တကယ်ကိုပြန်မပြောနားမထောင်ဘဲ သူလုပ်ချင်ရာလုပ်သွားတာ"

အန်တီကပြောရင်းနဲ့ မြင့်မားနားကိုရောက်သွားပြီး နားရွက်ကိုလိမ်ဆွဲသည်။

"အားးနာတယ်နာတယ် အန်တီလေးကလေ လူမမာကိုလည်းလိမ်ဆွဲတာပဲနော်"မြင့်မားကခေါင်းကိုလက်ဖြင့်ကာလိုက်၊စောင်းလိုက်လုပ်ရင်း လက်ချောင်းတွေနဲ့ သူ့အန်တီလေးလက်ကိုဆွဲဖယ်သည်။

Because of YouWhere stories live. Discover now