A/N Warning 18+ ဆယ့်ရှစ်ပြည့်မှဖတ်ပါ အရပ်ကတို့… အောက်နားလေးမှာပါ။
"ရှိုင်း…"
ဖြတ်ခနဲပြေးသွားသောအရိပ်ကလေးကိုမြင်သည်နှင့် လွန်းအသည်းအသန်ပြေးလိုက်မိသည်။ ရှိုင်းက သူ့ကိုဘာကြောင့် ဒီလောက်ခါးခါးသီးသီးဖြစ်နေလဲတွေးမိတိုင်း လွန်းရင်နာရသည်။ သူ့ကိုလက်ခံလာအောင် တိုးလျှိုးတောင်းပန်ခဲ့ဖူးသည်။ ခြိမ်းခြောက်ခဲ့ဖူးသည်။ ထိုသို့နည်းမျိုးစုံသုံးခဲ့သော်ငြား သူ့ကိုငြင်းဆန်နေဆဲ။
ချစ်ရသူကတစ်ကိုယ်ကောင်းဆန်နေတာသိပါလျက် သူကိုယ်တိုင်ကလည်းအပြစ်မတင်ရက်ခဲ့ပြန်။ နောက်ဆုံးတကယ်ကွဲကွာရလျှင် တစ်ယောက်မရှိဘဲတစ်ယောက်အသက်မရှင်နိုင်တာသိထားပါလျက် ချစ်ရသူကခေါင်းမာနေပြန်သည်။
လက်ကောက်ဝတ်သွယ်သွယ်ကိုလှမ်းဆွဲမိလေတော့ ရှိုင်းကအတင်းရုန်းကန်ပြန်သည်။ ရှိုင်းကို သူအတင်းပွေ့ဖက်ထားမိသည်။ ဒီထက်ပိုပြီး အချိန်တွေမဆွဲချင်တော့။
"ငါ့ကိုသေသွားစေချင်တာလား။"
ထိုစကားတစ်ခွန်းနှင့်တင် အတင်းရုန်းကန်နေသော ရှိုင်းသည် ချက်ချင်းငြိမ်ကျသွားလေသည်။ ရှိုင်း၏ပုခုံးထက် သူမျက်နှာအပ်ထားမိသည်။
"ငါ့ကိုမစွန့်ပစ်ပါနဲ့ရှိုင်း။ ငါမင်းမရှိဘဲမနေနိုင်လို့ပါ။"
ထိုစကားကိုကြားသည်နှင့် ရှိုင်းမျက်ဝန်းမှမျက်ရည်တို့စီးကျလာရသည်။ သူဘယ်လိုလုပ် စွန့်ပစ်ရက်ပါ့မလဲလေ။
"ငါတောင်းပန်ပါတယ်။"
"မင်းမှာအခက်အခဲရှိရင်ပြောလေ။ ငါတို့အတူတူဖြေရှင်းလို့ရတာပဲ။"
ရှိုင်းသည် သူ့အခက်အခဲကိုလွန်းကို အသိမပေးချင်ခဲ့ပေ။ သို့သော် လွန်းသည်လည်း မသိရမချင်း သူ့ကိုလွှတ်ပေးမည့်ပုံမပေါ်တာကြောင့် သူ့မှာရွေးချယ်စရာမရှိတော့။
"ငါပြောပြပါ့မယ်။"
အကြောင်းစုံသိရပြီးသည့်နောက်မှာတော့ လွန်းသည် ရှိုင်း၏လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း သူ့ပါးပြင်ပေါ်ထားကာ ပွတ်သပ်လာသည်။
YOU ARE READING
Romance Is Dead (Completed)
Teen FictionBOTH Zawgyi and Unicode Zawgyi အချစ်ကနှလုံးသားတံခါးကိုလာခေါက်တဲ့အခါ ချစ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ခံရရှိတဲ့ချစ်ခြင်းဟာ တစ်ဖက်သတ်ဖြစ်နေတဲ့အခါမှာ...ဖွင့်ဟဖို့ခက်ခဲတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ရတဲ့အခါမှာ... သူ...