Zawgyi
လေပြေသွေးသည် သက်ပြင်းချလိုက်ရင်း ဆက်ပြောလာသည်။"ကျွန်တော့်မိဘတွေက လက်ခံမှာမဟုတ်ဘူးနော်။"
"ကိုယ်သည်းခံမှာပါ။"
တိမ်ရောင်စဉ်သည် လေပြေသွေး၏ လက်ဖမိုးကိုခပ်ဖွဖွအနမ်းပေးလိုက်ရင်း ပြောလာလေသည်။
"အဲဒီတော့ ကိုယ့်အချစ်တွေကိုလက်ခံပေးမှာလား။"
လေပြေသွေးသည် သွားတက်လေးများပေါ်သွားသည်အထိ ပြုံးရယ်လိုက်ရင်း ပြန်ဖြေလာလေသည်။
"အင်း။ ကျွန်တော်လည်း ခင်ဗျားကိုချစ်တယ်။"
လေပြေသွေးကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်ပြီးနောက် တိမ်ရောင်စဉ်သည် စကားလုံးအချို့ကို ပြောလာလေသည်။
"မင်းမိဘတွေနဲ့သွားတွေ့ရအောင်။"
"ဗျာ? အခုမရ…"
တိမ်ရောင်စဉ်သည် လေပြေသွေး၏စကားတို့ကို နားမထောင်ခဲ့ပေ။ လေပြေသွေးကိုဆွဲပွေ့ကာ အမြန်ဆုံးပျံသန်းလိုက်လေသည်။ သူအလောတကြီးနှင့် မြေပြင်ပေါ်ပြန်လည်ဆင်းသက်ချိန်မှာတော့ လေပြေသွေးသည် ဖြူဖတ်ဖြူလျော်ပင်ဖြေနေချေပြီ။
"ပျံမယ်ဆိုလည်း ပြောပြောဆိုဆိုလေးတော့လုပ်လေဗျာ။"
ရပ်ပင်မရပ်နိုင်တော့ရှာသော ချစ်ရသူကို တွဲပေးထားရင်း သူစိုးရိမ်စွာမေးလိုက်မိပြန်သည်။
"ကိုယ်စိတ်လောသွားလို့ပါ။ ဆေးရုံသွားမလားဟင်။"
"မလိုပါဘူး။"
တိမ်ရောင်စဉ်ကို မျက်စောင်းပစ်လိုက်ပြီးနောက် လေပြေသွေး သူ့စိတ်တို့ကို တည်ငြိမ်အောင်ထိန်းရပြန်သည်။ မိဘတွေနှင့် တွေ့ဖို့စိတ်တောင်မလှုပ်ရှားလိုက်ရ။ အသက်ထွက်မတတ်ထိတ်လန့်ပြီးသည့်နောက် မိဘများကိုတွေ့ရဖို့ပင် စိတ်မပူမိတော့ချေ။
တိမ်ရောင်စဉ်နှင့်အတူမိဘများကိုသွားတွေ့ပြီးသည့်နောက်တွင်လည်း သူ့မိဘများက သဘောမတူခဲ့ချေ။ သို့သော် သူသည်လည်း တိမ်ရောင်စဉ်နှင့်ခွဲခွာ၍ မနေနိုင်တာကြောင့် အနည်းငယ်ပင်စကားများခဲ့ရလေသည်။
YOU ARE READING
Romance Is Dead (Completed)
Teen FictionBOTH Zawgyi and Unicode Zawgyi အချစ်ကနှလုံးသားတံခါးကိုလာခေါက်တဲ့အခါ ချစ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ခံရရှိတဲ့ချစ်ခြင်းဟာ တစ်ဖက်သတ်ဖြစ်နေတဲ့အခါမှာ...ဖွင့်ဟဖို့ခက်ခဲတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ရတဲ့အခါမှာ... သူ...