PART..49

19.5K 1.5K 215
                                    

With Zawgyi

ခွန်းသ ပြန်လာတော့ သွန်းခေတ်က အိပ်ပျော်နေလေပြီ။

သွန်းခေတ်ကုတင်စွန်းလေးတွင် သွားထိုင်လိုက်ပြီး သွန်းခေတ်ပါးပြင်လေးကို ခပ်ဖွဖွကိုင်လိုက်မိသည်။ သွန်းခေတ်၏ ပါးပြင်လေးသည် ပူနွေးကာ အိစက်၍နေသည်။ သွန်းခေတ်ပါးပြင်လေးကို ဖျစ်ညစ်ချင်စိတ်များပေါ်လာရသော်ငြား ထိုကောင်လေးနိုးသွားမည်စိုးတာကြောင့် စိတ်တို့ကို ထိန်းချုပ်လိုက်ရလေသည်။

ထို့နောက် ရေတစ်ခွက်သွားခပ်လာခဲ့ကာ အဝတ်ပိုင်းတစ်ခုကိုရေထဲနှစ်၍ သွန်းခေတ်ကိုယ်အပူကျစေရန် နဖူးလေးနှင့် မျက်နှာလေးကို အသာအယာသုတ်ပေးလိုက်လေသည်။

သူ့မျက်နှာကို အေးစက်စက်အဝတ်လာကပ်တာကြောင့် သွန်းခေတ်မျက်မှောင်ကျုံ့သွားလေသည်။ သို့သော်.. လန့်တော့နိုးမသွား။

သွန်းခေတ်နိုးလာတော့ သူ့ကုတင်ဘေးတွင် ထိုင်ခုံတစ်ခုံဖြင့် ထိုင်နေသော ခွန်းသကိုတွေ့လိုက်ရလေသည်။

ခွန်းသလက်ထဲတွင်တော့ စာအုပ်တစ်အုပ်ရှိနေလေသည်။

သွန်းခေတ်ထလာတာကိုသိသိချင်း ခွန်းသသည် သွန်းခေတ်နဖူးလေးပေါ် လက်ဝါးတင်လာပြန်သည်။

"ဖျားနေတုန်းပဲ။ ထတော့နော်ကလေး... ဆန်ပြုတ်သောက်ရအောင်။ ဝယ်လာတဲ့ဆန်ပြုတ်တောင် အေးသွားပြီထင်တယ်။"

ထို့နောက် သွန်းခေတ်လက်မောင်းနှစ်ဖက်ကိုပွေ့ကာ ထူပေးလေသည်။ နံရံတွင်ခေါင်းအုံးကိုထောင်ကာ သွန်းခေတ်ကိုမှီခိုင်းပြီးသည့်နောက် ဆန်ပြုတ်ပန်းကန်ကိုယူလာလေသည်။

ခွန်းသသည် ကုတင်စွန်းတွင် ကျကျနနထိုင်လိုက်ကာ ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူ၍ ဆန်ပြုတ်ကို သွန်းခေတ်ပါးစပ်ထဲအရောက်ခွံ့လေတော့သည်။

သွန်းခေတ်ကလည်း အလိုက်သင့်ပါးစပ်လေးဟပေးလေသည်။ သူ့စိတ်ထဲတွင်တော့ အိပ်မက်လိုလိုဖြစ်လို့နေသည်။ သူပျော်လည်း ပျော်နေသလို စိုးလည်းစိုးရိမ်နေမိလေသည်။ သူ့ရှေ့တွင်ရှိနေသော ခွန်းသကို ကွယ်ပျောက်သွားမှာစိုရိမ်သည့်အလား... သူစိုက်ကြည့်နေမိသည်။ စိုးရိမ်စွာ... လေးနက်စွာ... မြတ်နိုးစွာ... သူ့မျက်စိရှေ့တွင် ရှိနေသူက သိပ်ပြည့်စုံလွန်းသည်။ သူ ခွန်းသကို သိပ်ချစ်ပါသည်။ ထို့ကြောင့် ပျောက်ကွယ်သွားမှာလည်း စိုးရိမ်မိပြန်သည်။ နေမကောင်းတာကြောင့် ပိုအားငယ်မိလေသည်။ ထို့ကြောင့် သွန်းခေတ်ငိုမိပြန်သည်။

Romance Is Dead (Completed)Tahanan ng mga kuwento. Tumuklas ngayon