PART..29

15.6K 1.6K 93
                                    

With Zawgyi

နောက်တစ်နေ့မနက်-

ရှိုင်းဆက်တစ်ယောက် အိပ်ကောင်းနေတုန်း သာသနာဖျက်ကောင်က မီးလာဖွင့်လေတော့သည်။

"ရှိုင်းဆက်သွင်...ထတော့!!!"

စူးသွားသော မျက်လုံးတို့ သက်သာလိုသက်သာငြား စောင်ကိုခေါင်းမြီးခြုံကာ ရှိုင်းဆက်ပိတ်အော်ပစ်လိုက်လေသည်။

"လွန်းမာန်ထက်! မင်းရူးနေလား? ဒီလောက်အစောကြီး ရှိသေးတာကို!!!"

"ခြောက်နာရီထိုးပြီ သားကြီးရ။ အတန်းချိန်က ရှစ်နာရီလေ။ ရေလေးဘာလေးချိုး... သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးတော့ ကန်တင်းသွားရအောင်။ ငါတောင်မျက်နှာသစ်... ရေချိုးပြီးပြီ။"

"ငါမနက်စာမစားဘူး။"

ရှိုင်းဆက်စကားကြောင့် လွန်းအံ့ဩသွားမိလေသည်။

"ဟမ်..မနက်စာမစားရင် ကျန်းမာရေးထိတယ်ကွ။ ထစမ်း!"

လွန်းဘယ်လိုအော်အော် ရှိုင်းဆက်ကတော့ တုတ်တုတ်မျှမလှုပ်။ ထို့ကြောင့် လွန်းတစ်ယောက် သူ့အရပ်ကလန်ကလားကြီးနှင့် ရှိုင်းဆက်ကုတင်ပေါ်တက်ကာ ခြင်ထောင်ကိုဖြုတ်သိမ်းလေတော့သည်။ ထို့နောက် ရှိုင်းကိုယ်ပေါ်မှ စောင်ကိုအတင်းဆွဲဖယ်လေတော့သည်။

"ထစမ်း ရှိုင်းဆက်သွင်!"

စောင်တစ်ခုလုံးလွန်းလက်ထဲရောက်သွားသော်လည်း ရှိုင်းဆက်ကတော့ အိပ်မြဲအိပ်လျက်။ ထို့ကြောင့် ရှိုင်း၏ ခြေတံရှည်တို့အပေါ် လွန်းတက်ခွကာ ရှိုင်းလက်နှစ်ဖက်မှ ဆွဲ၍ထူလေတော့သည်။

"ဟိတ်ကောင်!"

အိပ်ဖို့သာစိတ်စောနေသော ရှိုင်းဆက်ကလည်း အရိုးမရှိသော ပက်ကျိကဲ့သို့ လွန်းဆွဲတိုင်း ပါလာပြီး ပြန်လွှတ်လိုက်လျှင် အိပ်ရာပေါ် ပုံလျက်သားကျသွားပြန်သည်။

"နေအုံး။"

ထိုသို့ပြောကာ လွန်းတစ်ယောက် အခန်းအပြင်ထွက်သွားပြန်လေသည်။

သူရောက်သွားတာက အခြားအခန်းတစ်ခုရှေ့။

အခန်းတံခါးကိုအသာဖွင့်လိုက်တော့ ထုံးစံအတိုင်းခွန်းသ ရှိမနေ။ သို့ပေမယ့် ခွန်းသ နေရာကိုကြည့်ပြီး လွန်းမှတ်ချက်ချလိုက်လေသည်။

Romance Is Dead (Completed)Where stories live. Discover now