PART..37

17K 1.6K 121
                                    

With Zawgyi

ကျောင်းပိတ်သွားသော်လည်း အိမ်မပြန်နိုင်သေးသူမှာလွန်း။ နေတာက... မန္တလေး... နီးနီးနားနားမို့ ဘယ်အချိန်သွားသွားရောက်သည်ဟုဆိုကာ သွားဖို့အပျင်းတစ်နေတာကြောင့် အိမ်ပြန်မရောက်ဘဲ မုံရွာတင် သောင်တင်နေတာဖြစ်လေသည်။

သူမသွားနိုင်ရသည့်အခြားအကြောင်းအရင်း တစ်ခုကလည်း ရှိနေပြန်သေးသည်။

အချစ်ဆိုသည့်အရာကို သေချာဆန်းစစ်နေဆဲ ဖြစ်သော်လည်း သေချာလွန်းနေသော ခံစားချက်တို့က နှိပ်စက်နေတာကြောင့် နေ့စဉ်ရက်ဆက် ဘေးကကုတင်အလွတ်ကြီးကို ငုတ်တုတ်ထိုင်ငေးရင်း တစ်စုံတစ်ယောက်သောသူအားလွမ်းနေရသည်မှာလည်း အလုပ်တစ်ခု...

အဆင်မှပြေပါ့မလား.. ဘာတွေများဖြစ်နေမလဲဆိုပြီး လွှတ်တော်နားသွားသွားထိုင်ရင်း တွေးပူကာ လွမ်းနေရသည်မှာလည်း နေ့တိုင်းလိုလို။

ဘာကြောင့် ဒီလောက်အထိဖြစ်သွားလဲ ဆိုတာကို အကြိမ်ကြိမ်အခါခါ စဉ်းစားသော်လည်း အဖြေကရှာမတွေ့။ သူ့ကိုဘာကြောင့် ချစ်မိသွားတာလည်း တွေးမိပြန်ပေမယ့် သူဆိုသည့်ဖြစ်တည်မှုတစ်ခုကလွဲလို့ တခြားအဖြေထွက်မလာ။

ဘယ်လိုမှဖြေရှင်းလို့မရနိုင်သည့်ဒီအချစ်ကို တစ်ခါတရံစိတ်ပင်တိုမိသည့်အဖြစ်။ မေ့ပစ်မည်ဟု ကြိမ်းဝါးသော်လည်း အချိန်တန်လျှင်သတိရသည်က ရသည်သာ...

မနက်မိုးလင်းလို့ အိပ်ယာကနိုးလျှင် ပထမဆုံးကြည့်မိတာက ဘေးကကုတင်အလွတ်.. ရင်ထဲမှာဟာတာတာ။ အချိန်တိုင်းတွေးနေမိတာက သူ့အကြောင်း...

"ဟင်း...."

လွန်းသက်ပြင်းချလိုက်မိသည်။ သူလက်မခံလို့မရတော့။ ငြင်းဆန်လို့လည်းမရနိုင်တော့။ သူမလိုချင်သည့်အဖြေဖြစ်ပေမယ့် လိုလိုလားလားပင် လက်ခံရတော့မည်လေ။ သူ့ကို... ချစ်သည်...တဲ့...

အခုတောင် သူ့ကုတင်ပေါ်ထိုင်ရင်း သူ့အကြောင်းတွေးနေမိပြန်တာပဲ...

သူဘယ်မှာနေတာလဲတောင် မသိသောကိုယ့်ကိုယ်ကို လွန်းအပြစ်တင်မိပြန်သည်။ သူနေတဲ့နေရာသိလျှင်တောင် မှန်းဆတမ်းတလို့ရသေးသည်မို့...

Romance Is Dead (Completed)Where stories live. Discover now