PART..46

17.2K 1.5K 161
                                    

With Zawgyi

"ငါတို့နှစ်ယောက်... အချိန်ခဏလောက်လမ်းခွဲကြရအောင်။"

"ဘာလို့လမ်းခွဲရမှာလဲ?"

"ငါ့အိမ်ကသိလို့မဖြစ်ဘူးဆိုတာ မင်းလည်းသိပါတယ်။ အခု အခြေအနေတွေ မတည်ငြိမ်တုန်း ခဏလောက် ခပ်ခွာခွာနေဖို့ပဲပြောတာ။"

"တကယ်လို့ ငါတို့နှစ်ယောက်အကြောင်း လူတွေသိသွားခဲ့ရင် ငြင်းချင်လို့လားရှိုင်း?"

လွန်းက တည့်မေးလာတော့ ရှိုင်းဖြေရခက်သွားလေသည်။

"အဲလိုပြောလို့ရတယ်။"

လွန်းသက်ပြင်းချလိုက်လေသည်။ ရှိုင်းကလည်း လွန်းထံမှ အဖြေကိုစောင့်မျှော်နေမိလေသည်။ မေလမင်းတို့လည်း စိတ်မကောင်းဖြစ်စွာပဲ စောင့်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်။

"မင်းသဘောလေရှိုင်း...."

သူအဆင်မပြေလို့ လိုက်လျောပေးရပေမယ့် လွန်းစိတ်ထဲလုံးဝအဆင်မပြေတာသိသာနေလေသည်။

"ငါသွားတော့မယ်။"

ရှိုင်းက ထိုသို့ပြောလိုက်ကာ ထထွက်သွားလေသည်။ ရှိုင်းထွက်သွားသည်နှင့် စားပွဲဝိုင်းက တိတ်ဆိတ်လျက် ကျန်ခဲ့လေသည်။ အတန်ကြာတိတ်ဆိတ်နေပြီးနောက်-

"ငါ့ကြောင့် မင်းတို့နှစ်ယောက် လမ်းခွဲရတာ။"

သွန်းခေတ်က စကားစပြောလာတော့ လွန်းက ခေါင်းခါသည်။

"မင်းအပြစ်မဟုတ်ပါဘူး။ တစ်နေ့တော့ ဒီလိုဖြစ်လာမှာပဲ။ အခု ငါဘာမှမတတ်နိုင်ဘူးဆိုတာက ရှိုင်းကိုကာကွယ်ဖို့ အင်အားမရှိသေးလို့။ ငါနဲ့ပတ်သတ်လို့ သူ့မိသားစုနဲ့ ပြဿနာမဖြစ်စေချင်ဘူး။"

"ဒါဆို အခု ဘယ်လိုလုပ်မှာလဲ?"

သွန်းခေတ်မေးလိုက်လေတော့ လွန်းက ခေါင်းခါလေသည်။

"ငါလည်းမသိဘူးသွန်းခေတ်။ စဉ်းစားကြည့်ရမှာပဲ။ ဒါပေမယ့် ငါပြောထားမယ်။ အခုကစပြီး မိုးညပြောသမျှကို မင်းတစ်ခုမှ လိုက်လုပ်စရာမလိုဘူး။ အဲဒီကောင်ချုပ်ကိုင်သမျှ ဘာမှသည်းခံနေစရာမလိုဘူးသွန်းခေတ်။ ငါ မင်းကိုရော.. ရှိုင်းကိုရော... ရအောင်ကာကွယ်မှာ။"

Romance Is Dead (Completed)Where stories live. Discover now