Zawgyi
23.4.2020
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Unicodeဒီနေ့ပြာပြာ့အသက် ၂၀ပြည့်ခဲ့ပြီ။ အရေးကြီးတဲ့စာအုပ်အကြောင်းအရင်ပြောကြမယ်နော်။ စာအုပ်လေးက (6)လပိုင်းသေချာပါပြီလို့။ ပိုက်ဆံကြိုစုထားကြပါ။ အခြေအနေတွေမပြောင်းရင်(6)လပိုင်းမှာသေချာပေါက်ထွက်လာပါလိမ့်မယ်။ အဲ့ထက်စောရင် (5)လပိုင်းထဲထွက်မှာပါလို့။ ရန်ကုန်ကိုလာပြီးလက်မှတ်လေးတွေပေးချင်ပေမယ့် အဆင်မပြေလို့ နောက်တစ်အုပ်ထွက်မှပဲ လက်မှတ်ပေးနိုင်တော့မယ်ထင်တယ်။ ဒါပေမယ့် အပြင်မှာပြာပြာ့ကိုတွေ့ရင်တော့ "ဟယ်!! ပြာပြာရေလာပါအုံး"ဆိုပြီး လက်မှတ်တောင်းလို့ရပါတယ်လို့။ ဈေးနှုန်းဘာညာအတိအကျသိရတဲ့အခါ တစ်ချက်ပြန်ပြောပါ့မယ်နော်။
ပြီးတော့ ဒီနေ့မွေးနေ့လေးမှာ ပြာပြာ့စာဖတ်သူလေးတစ်ယောက်က မွေးနေ့လက်ဆောင်ဆိုပြီး ဒီRomance Is Deadလေးကို ဖတ်ရတာ ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းလေး အသေးစိတ်ရေးပေးသွားတယ်။ အရမ်းကျေးဇူးတင်ပါတယ်လို့။ လက်နာနေတဲ့ကြားက လက်ရေးနဲ့ရေးပေးသွားလို့ တကယ်ပျော်မိပါတယ်။ ကိုယ့်ficလေးက ဒီလောက်အထိစာဖတ်သူကိုလွှမ်းမိုးနိုင်လိမ့်မယ်လို့ထင်မထားခဲ့တာပါ။ မွေးနေ့ဆုတောင်းတာထက် ပြာပြာ့ကြိုးစားမှုလေးတွေကိုအသိအမှတ်ပြုပေးတာမျိုး၊ လိုအပ်ချက်လေးတွေကိုထောက်ပြပေးတာမျိုးလေးကို ပိုသဘောကျမိတယ်ရယ်။ ခင်ဗျားလေးတို့ကို ပေးနိုင်တာဆိုလို့ ဒီစာတွေပဲရှိတာမို့ ဒီစာတွေကို ကျနော်သိပ်မြတ်နိုးသလိုပဲ ခင်ဗျားတို့ကိုလည်း သိပ်မြတ်နိုးတယ်ဆိုတာကိုလည်း သိစေချင်ရုံပါ။ မွေးနေ့ဆုတောင်းရမယ်ဆိုရင် ကျနော့ကိုမေ့မသွားကြဘဲ ခင်ဗျားတို့ချစ်တဲ့ သာသာတစ်ယောက်အနေနဲ့အချိန်တွေအကြာကြီးရှိသွားချင်ရုံလေး။ ကျနော်အခုအချိန်အထိ ရပ်တည်ပြီးစာတွေရေးနိုင်အောင် အားပေးပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်လို့။ ခင်ဗျားတို့ကိုကျနော်ဘယ်လောက်ချစ်မြတ်နိုးလည်း ခင်ဗျားတို့သိချင်မှသိမှာပါ။
စကားမစပ် reviewလေးတွေ… Feedbackလေးတွေရေးပေးလို့ရတယ်သိလား။ ဒီသနားစရာ သက်ကြီးရွယ်အိုလေးကိုသိပ်မချေကြပါနဲ့။ ok??
23.4.2020
YOU ARE READING
Romance Is Dead (Completed)
Teen FictionBOTH Zawgyi and Unicode Zawgyi အချစ်ကနှလုံးသားတံခါးကိုလာခေါက်တဲ့အခါ ချစ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ခံရရှိတဲ့ချစ်ခြင်းဟာ တစ်ဖက်သတ်ဖြစ်နေတဲ့အခါမှာ...ဖွင့်ဟဖို့ခက်ခဲတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ရတဲ့အခါမှာ... သူ...