PART..42

17.6K 1.6K 181
                                    

With Zawgyi

ဆိုင်ကယ်ပြင်ဆိုင်သို့ ရှိုင်းရောက်လာသော် ဆိုင်ကယ်ဘေးတွင် ငုတ်တုတ်ထိုင်ကာ ပြင်ဆိုင်တွင်ဦးစီးနေသော ဦးရဲမာန်သင်ပြပေးသမျှ ခေါင်းတငြိမ့်ငြိမ့်နှင့် လိုက်နားထောင်နေသော လွန်းကို တွေ့လိုက်ရ၍ ရှိုင်းပြုံးလိုက်မိသည်။
ဦးရဲမာန်က ရှိုင်းကိုမြင်တော့ လက်လှမ်းပြလိုက်လေသည်။ ရှိုင်းလည်းလက်ပြန်ပြ၍ လွန်းတို့အနားသို့လာလိုက်လေသည်။

"အလုပ်ကြိုးစားလှချည်လား?"

ရှိုင်းစကားကိုကြားတော့ လွန်းက ရယ်သည်။

"အဆင်ပြေတယ်မလား?"

"အင်း.."

လွန်းက ခေါင်းငြိမ့်ရင်းပြန်ဖြေလာတော့ ဦးရဲမာန်ကလည်း ဝင်ပြောလာလေသည်။

"ဒီလိုပဲ..လေ့လာရင်း တတ်သွားမှာပါ။"

"ဟုတ်.. သူ့ကိုဂရုစိုက်ပေးပါအုံးဗျ။ မဟုတ်တာလုပ်လည်း များများသာဆူ။"

ရှိုင်းက ပြောလာတော့ ဦးရဲမာန်က ရယ်လေသည်။

"မင်းသူငယ်ချင်းက ထင်ထားတာထက်တော်တယ်ကွ။"

ဦးရဲမာန်၏ ချီးကျူးစကားနောက်မှာတော့ ရှုံ့မဲ့သွားသော ရှိုင်းမျက်နှာလေး ပေါ်လာလေတော့သည်။ အဲဒီနောက်မှာတော့ ဆက်တိုက်အလုပ်ရှုပ်သွားတာကြောင့် စကားပင်မပြောဖြစ်ကြတော့။

ညနေခင်းတစ်ခုတွင်-

ဆိုင်ကယ်ဘီးကို ရှိုင်းပြန်ပြင်နေစဉ် သူ့ပါးပြင်ကိုအေးစက်စက်အရာတစ်ခုလာထိတွေ့တာကြောင့် ကြည့်လိုက်မိတော့ ရေဘူးကိုကိုင်ထားသော လွန်းကိုတွေ့လိုက်ရလေသည်။

"ရေသောက်အုံး။"

လွန်းလက်ထဲကရေဘူးကို လှမ်းယူလိုက်ပြီး နှုတ်ခမ်းနှင့်တေ့၍ အားရပါးရသောက်နေမိစဉ်-

"ရေဘူးက ငါလည်းသောက်ထားပြီးသားဆိုတော့ သွယ်ဝိုက်Kissလို့ ပြောလို့ရတယ်မလား?"

ဟူသော လွန်း၏ အမေးကြောင့် ရှိုင်းတစ်ယောက် သောက်လက်စရေကို ဖူးခနဲထွေးလိုက်မိလေသည်။

"အဟွတ်! အဟွတ်!... ငါ့ကိုရေနင်ပြီးသေစေချင်နေတာလား?!"

ရှိုင်းက စိတ်တိုတိုနှင့် အော်ပြောလာတော့ လွန်းက ရယ်သည်။

Romance Is Dead (Completed)Where stories live. Discover now