PART..41

17.2K 1.5K 76
                                    

With Zawgyi

ဒီလိုနှင့် ရှိုင်းနောက်ကို လွန်းဆိုင်ကယ်တစ်စီးဖြင့် လိုက်သွားဖြစ်ခဲ့လေသည်။ ရှိုင်းအိမ်ရှေ့ရောက်သော် ရှိုင်းဆက်က ဆိုင်ကယ်ရပ်လိုက်ပြီး လွန်းဘက်ကိုလှည့်ကြည့်ကာ ပြောလာလေသည်။

"အိမ်ရောက်ပြီ။ မင်းပြန်တော့။"

သို့ပေမယ့် ရှိုင်းဆက်အနားကနေ လွန်းမခွာချင်သေး။

"အင်း...မင်းအိမ်ထဲဝင်သွားမှ ငါပြန်မယ်။"

ရှိုင်းဆက်၏အိမ်သည် ဝင်းတံခါးနှင့်မလှမ်းမကမ်းတွင်ရှိနေပြီး နှစ်ထပ်တိုက်ပုလေး ဖြစ်လေသည်။ အပြင်အဆင်က ချစ်စရာကောင်းသည်အပြင် ရိုးရှင်းတာကြောင့် နေထိုင်သူများသည်လည်း ရိုးရိုးအေးအေးနေကြသူများဖြစ်ကြောင်း သိသာလေသည်။ အိမ်ရှေ့တွင်တော့ သစ်ပင်တစ်ပင်ရှိပြီး ထိုသစ်ပင်၏ခြေရင်းတွင်တော့ ကွပ်ပျစ်လေးတစ်ခုရှိလေသည်။

ထိုကွပ်ပျစ်လေးဘေးတွင် ရှိုင်းဆိုင်ကယ်ကိုရပ်လိုက်ပြီးနောက် အိမ်ဘက်သို့သွားလိုက်လေသည်။

ရှိုင်းကျောပြင်ကို လွန်းငေးနေမိရင်း လွမ်းရပြန်သည်။ သွန်းခေတ်ကိုပြောခဲ့မိသမျှ သူကိုယ်တိုင်အချစ်နှင့်တွေ့မှ ကိုယ်ချင်းစာမိတော့သည်။

"ချစ်တယ်ရှိုင်း..."

တီးတိုးရေရွတ်ပြီးသည့်နောက် ပြန်ရန် ဆိုင်ကယ်ကိုအလှည့်-

"အောင်မလေး!"

ဘယ်အချိန်က အနောက်တွင်ရပ်နေမှန်းမသိသော အန်တီကြီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိလေတော့သည်။ လွန်းလည်း လန့်အော်မိသောပါးစပ်လေးကို အသာပြန်စေ့ကာ ထိုအန်တီကို ပြုံးပြလိုက်ပြီး ထွက်သွားမည်အလုပ် ထိုအန်တီဆီမှ စကားတချို့ထွက်လာလေသည်။

"သားက...ရှိုင်းဆက်နဲ့ ဘယ်လိုပတ်သတ်တာလဲ?"

"ဗျာ?"

"သားက ရှိုင်းနဲ့ ဘယ်လိုပတ်သတ်တာလဲ?"

ရုတ်တရက်ဆိုတော့ လွန်းဘာပြန်ဖြေလို့ ဖြေရမှန်းမသိဖြစ်သွားမိလေသည်။

"ဟို... သူ့... သူ့သူငယ်ချင်း..ပါ.."

တစ်လုံးချင်းစီထွက်လာသော လွန်းအဖြေကြောင့် ထိုအန်တီ ရယ်လေသည်။

Romance Is Dead (Completed)Where stories live. Discover now