Warning 18+ အစပိုင်းလေးတင်
မျက်ရည်လေးများပင်ဝဲလာတာကြောင့် သွန်းခေတ်၏ ပါးပြင်လေးများနှင့် နှုတ်ခမ်းပါးလေးကို ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။ သွန်းခေတ်၏ အသွင်ပုံစံ၊ အထိအတွေ့နှင့် ရနံ့တို့သည် သူ့စိတ်ကိုထိန်းမရအောင်လာလာဆွနေတာကြောင့် ခွန်းသသည် သွန်းခေတ်ကို ပွေ့ချီကာ ကုတင်ပေါ်သို့အသာအယာချပေးလိုက်လေသည်။သွန်းခေတ်၏ မျက်နှာအနှံ့ကို အနမ်းများစွာခြွေချရင်း လည်တိုင်လေးကို စုပ်ယူနမ်းရှိုက်နေမိလေသည်။
"ကိုယ်မင်းကိုအမှတ်အသားပေးချင်တယ် သွန်းခေတ်။ မင်းကို ကိုယ့်အပိုင်ဖြစ်အောင်လုပ်ချင်တယ်။ ကိုယ့်ကို ခွင့်ပြုနိုင်မလား။"
သွန်းခေတ်သည် စကားလုံးအချို့ပင် မပြောထွက်နိုင်တော့ချေ။ ခေါင်းကိုသာ တဆတ်ဆတ်ညိတ်လာလေသည်။
"ကိုယ်အတတ်နိုင်ဆုံးငြင်သာပါ့မယ်။"
ထိုစကားသည် ခွန်းသစိတ်လွတ်လက်လွတ် မဖြစ်သွားခင်ပြောခဲ့သောစကားဖြစ်လေသည်။
……………Halloween Special……………
နောက်တစ်နေ့၏ နံနက်ခင်းသည် ယခင်နေ့ရက်များနှင့်မတူညီစွာ နွေးထွေးနေခဲ့လေသည်။ ခွန်းသသည် ရင်ခွင်ထဲမှကလေးငယ်ကို ထွေးပွေ့ကာ နမ်းလိုက်ပြီးနောက် တစိမ့်စိမ့်ကြည့်နေမိလေသည်။
သွန်းခေတ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နီညိုရောင်အကွက်များဖြင့်ပြည့်နေပြီးနောက် အချို့နေရာများတွင် သွားရာများပါရှိနေလေသည်။ အထူးသဖြင့် သွန်းခေတ်၏ဂုတ်တွင် သွားစွယ်ပါသောကိုက်ရာတစ်ခု ထင်ထင်ရှားရှားရှိနေလေသည်။
ထိုသွားရာကိုခပ်ဖွဖွထိလိုက်မိတော့ သွန်းခေတ်သည် ဆတ်ခနဲတွန့်သွားကာ သူ့လက်ကို ဖယ်ချလာလေသည်။
"အွန်း… နာတယ်လေ။"
သွန်းခေတ်ကပြောလာတော့ ခွန်းသက သွန်းခေတ်၏ လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းရင်း ပြောလာသည်။
"ကိုယ့်ကိုကိုက်ဖို့ပြောတာပဲ။ ကလေးမှမကိုက်တာကို။"
"ကျွန်တော့်မှာ ကိုက်ဖို့အားတောင်မကျန်ဘူးလေ။"
YOU ARE READING
Romance Is Dead (Completed)
Teen FictionBOTH Zawgyi and Unicode Zawgyi အချစ်ကနှလုံးသားတံခါးကိုလာခေါက်တဲ့အခါ ချစ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ခံရရှိတဲ့ချစ်ခြင်းဟာ တစ်ဖက်သတ်ဖြစ်နေတဲ့အခါမှာ...ဖွင့်ဟဖို့ခက်ခဲတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ရတဲ့အခါမှာ... သူ...