PART..28

15.8K 1.7K 55
                                    

With Zawgyi

"မင်းတို့နှစ်ယောက်က ဘယ်ကတည်းကလဲ?"

သွန်းခေတ်က ပြူးကြည့်ရင်းမေးလာတော့ လွန်းက နားမလည်သလိုပြန်ကြည့်လာလေသည်။

"ဘာကိုလဲ?"

"လွန်း...မင်း လျှိုထားတာလား? ပြောတော့ မင်းတို့နှစ်ယောက်က မတည့်ဘူးဆို။"

"အေးလေ..မတည့်ဘူးလေ။ ဘာဖြစ်လို့တုန်း?"

"မင်းတို့နှစ်ယောက် တွဲနေတာဘယ်လောက်ကြာပြီလဲ?"

"ဘယ်သူနဲ့လဲ?"

သွန်းခေတ်ပြောနေသော်လည်း လွန်းက နားမလည်ရှာ။

"မင်းနဲ့ ရှိုင်းဆက်သွင်နဲ့။"

"ဟမ်...မတွဲပါဘူး။"

"မင်းမညာနဲ့နော်။"

"မညာပါဘူး။"

လွန်းရှင်းပြနေသောလည်း ရစ်ချိန်တန်၍ ရစ်နေသော ငနဲက ဘယ်လိုမှနားမထောင်။

"ငါမယုံဘူး။ ငါ့ကိုမလိမ်နဲ့။"

"မလိမ်ပါဘူးကွာ။"

ထို့နောက် လွန်းတစ်ယောက် ရှိုင်းဆက်သွင်ဘက်လှည့်ကာ မျက်နှာငယ်လေးနှင့် စစ်ကူတောင်းရပြန်သည်။

"ရှိုင်းဆက်သွင်... လာပြောကူပေးစမ်းပါကွာ... ဒီမှာ အတင်းလာစွပ်စွဲနေတယ်။"

ရှိုင်းဆက်ကတော့ မင်းကိစ္စမင်းရှင်း ဆိုသော သဘောဖြင့် ခေါင်းခါပြလာလေသည်။ ထို့ကြောင့် လွန်းတစ်ယောက် သွန်းခေတ်ဘက်သို့ပြန်လှည့်ကာ ဖြေရှင်းရပြန်သည်။

"မင်းထင်နေသလိုမဟုတ်ဘူး။ ငါတို့က.."

"မင်းပြောတာကြားတယ်နော်... ငါနမ်းလိုက်မှာ.. ငါနမ်းလိုက်မှာနဲ့။ ဘယ်သူက ကိုယ့်သူငယ်ချင်းကိုနမ်းလို့လဲ?"

သွန်းခေတ်က လွန်းကို လက်ညိုးငေါက်ငေါက်ထိုးကာပြောလာလေသည်။
ထိုစကားကိုရှိုင်းဆက်ကြားတော့ အသံမထွက်အောင်ကြိတ်ရယ်မိပြန်သည်။

....မှတ်ပြီလား။ ငါ့ကိုခြိမ်းခြောက်ချင်အုံး။ အခုတော့ ကိုယ့်စကားနဲ့ကိုယ် အရစ်ခံနေရပြီမှတ်လား....

စိတ်ထဲမှလည်း ကြိတ်လှောင်လိုက်မိပြန်သည်။

"မဟုတ်ဘူး.. အဲဒါ... ငါသူ့ကိုစတာ.."

Romance Is Dead (Completed)Donde viven las historias. Descúbrelo ahora