PART..33

16.3K 1.6K 99
                                    

With Zawgyi

ထိုစာကိုမြင်လိုက်ရပြီးသည့်နောက် ရှိုင်းဆက်လက်တွေပါတုန်လာကာ ရင်ဘတ်ထဲတွင်လည်း တဆစ်ဆစ်နာကျင်လာလေသည်။

လက်ထဲမှဖုန်းလည်း မြေမြင်ပေါ်သို့ပြုတ်ကျသွားပြီးနောက် သူရုပ်ထုတစ်ခုလို တောင့်တောင့်ကြီးငြိမ်သက်နေမိလေသည်။

ထိုအချိန်ဖုန်းလာကောက်ပေးသူက လွန်း...

"မင်း ဘာဖြစ်နေတာလဲ? ဟင်... ဒါဘယ်သူပို့လိုက်တဲ့စာလဲ?"

လွန်းမေးသော်လည်း ရှိုင်းပြန်မဖြေတော့။ မျက်တောင်ပင်မခတ်တော့ဘဲ အရုပ်ကြီးလိုတောင့်တောင့်ကြီး ဖြစ်နေတာကြောင့် လွန်းလန့်သွားလေသည်။

ရှိုင်းပုခုံးနှစ်ဖက်ကို ဆွဲလှုပ်လိုက်တော့မှ ရှိုင်းက မော့ကြည့်လာလေသည်။ အဲဒီအချိန်မှာလွန်းမြင်လိုက်ရတာက မျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့ ရှိုင်းရဲ့ မျက်ဝန်းတွေပါ။ ထို့နောက် ရှိုင်းခေါင်းပြန်ငုံ့သွားပြန်သည်။

ဖုန်းထဲရှိ messageကို လွန်း စာပြန်လိုက်ပြီး ဖုန်းကိုစားပွဲပေါ်တင်ထားလိုက်လေသည်။

ထို့နောက် ရှိုင်းဘေးမှာလာထိုင်လိုက်ကာ ပြောလာလေသည်။

"အတိတ်ကအဖြစ်အပျက်က အရမ်းဆိုးနေရင်တောင် မင်းဝမ်းနည်းနေဖို့မလိုဘူး။ ငါတစ်ခုပြောမယ်။ အဲ့ကောင်က မင်းအတွက် ကောင်းတဲ့သူလို့မင်းမထင်ရင် သူ့ဆီပြန်သွားစရာမလိုဘူး။ ငါပြောတာနားလည်လား?"

"ငါ... မသိတော့ဘူး။"

တုန်ရီနေတဲ့ ရှိုင်းအသံတွေကြောင့် လွန်းစိတ်မကောင်းဖြစ်သွားမိသည်။

"မင်းဘာဖြစ်နေတာလဲ?"

"....."

"ရှိုင်းဆက်သွင်.."

"...."

"ငါ့ကိုကြည့်။"

"....."

လွန်းဘာပြောပြော ဘာမှပြန်ဖြေမလာသောကြောင့် ခေါင်းငုံ့ပြီးငိုင်နေတဲ့ ရှိုင်း၏ ပုခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ဘက်သို့ဆွဲလှည့်လိုက်လေသည်။

"ခေါင်းမော့စမ်း!"

လွန်းပြောလိုက်ပေမယ့် ရှိုင်းဆက် ခေါင်းမော့မလာဘဲ သူ့ ဘယ်ဘက်ပုခုံးပေါ်ကိုမျက်နှာအပ်ကာမှီကျလာတာကြောင့် လွန်းအံ့ဩသွားမိလေသည်။

Romance Is Dead (Completed)Where stories live. Discover now