အချိန်ကာလမှာကား 2016 .......
ဘုန်းကြီးကျောင်း တကျောင်းတွင် မင်္ဂလာဆွမ်းကျွေးဟုဆိုရာ လူများစွာဖြင့်စည်ကားလျက်ရှိ။ မင်္ဂလာဆွမ်းကျွေးသို့ ရောက်လာကြသော ဧည့်သည်တို့၏ မျက်လုံးနှင့် မျက်နှာအမူအရာတို့၌ ချီးမွမ်းခြင်း အလျင်းမရှိ။ ကဲ့ရဲ့ခြင်း, ရွံ့ရှာစက်ဆုပ်သော အကြည့်များနှင့် စူးစမ်းလိုသော အကြည့်များနှင့်သာ ပြည့်နှက်နေကြသည်။ အကြောင်းမှာကား
"မောင်ဇာမဏီမောင် နှင့် မောင်ဧကေး"
တို့၏
မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲဟူသော စာတန်းလေးကြောင့်ပင်ဖြစ်သည်။
-------------------------------------------------------------
"သား ဧကေး.... အဆင်သင့်ဖြစ်ရင် သားဇာမဏီနဲ့ တူတူ ထွက်လာခဲ့တော့နော်..... ဧည့်သည်တွေလဲရောက်နေပြီ သားရဲ့""ဟုတ်ကဲ့ပါ မေမေ"
"ဧကေး" ဆီမှ ပြန်ဖြေစကားကြားရပြီးနောက် "ဧကေး"၏ မိခင်ဖြစ်သူ ဒေါ်ဧကရီသည် ထိုနေရာမှ ဦးစွာထွက်သွား၍ ဧည့်သည်များကို ဧည့်ခံလျက်ရှိသည်။"မဧကရီ"
"ဟယ် မီး.... မတွေ့ရတာကြာပြီနော် "
"ဟုတ်ပါ့ မဧကရီရေ.... မဧကရီရော နေကောင်းပါရဲ့လား"
"ကောင်းပါ့ မီးရေ"
"ဒါနဲ့ မဧကရီရဲ့သား ဧကေးလေးကော"
"အော် သားသားလား.... သားသားက ခဏနေရင် လာပါလိမ့်မယ်ရှင်....ဟော ပြောရင်းဆိုရင်း ထွက်လာပါပြီ ဟိုမှာ..."
-------------------------------------------------------------
ကောင်လေး နှစ်ယောက် နံ့သာရောင် တိုက်ပုံနှင့် ပုဆိုးလေးတို့ကို ဆင်တူဝတ်ကာ ထွက်လာကြလေသည်။ တယောက်မှာ အရပ် ၆ပေ၂ရှိသည့်အလျောက် မျက်ခုံး မျက်လုံးနှင့် မျက်နှာအချိူးအစားတို့ကို ချုံကြည့်လျှင် အင်မတန်ကို အသက်အရွယ်နဲ့မလိုက် တည်ကြည်ခန့်ညားသော အသွင်ကို ဆောင်လျက်ရှိရာ ဤသည်ကား "ဇာမဏီမောင်"ဖြစ်သည်။နောက်တဦးမှာကား အရပ် ၅ပေ ၈ ရှိရာ .... မိန်းကလေးများနှင့် ယှဥ်သော် ရှည်သယောင်ထင်ရတဲ့အရပ်ရှိနေပေမဲ့ ၆ပေ၂ရှိသောလူနှင့် ယှဥ်လိုက်သောအခါ လူကောင်သေးသေးဖြစ်နေပေသည်။
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။