ကျွန်တော် "ဧကေး" နဲ့ လက်ထပ်ပြီးတာ ၁နှစ်ရှိပြီ။ ကျွန်တော့်ဘက်က သူ့ကို ချစ်တယ်လို့ တခွန်းမှ မပြောဖူးသေးသလို လင်မယား.... အာ... မဟုတ်သေးဘူး.... လင်လင် အရာလဲ မမြောက်သေးပေ။
ကျွန်တော် သူ့ကိုအခုထိ စိတ်ထဲမကြည်နိုင်သေးဘူး။ သူက ကျွန်တော်နဲ့ ပိုးတို့ ကြားထဲ ခွဲခဲ့တဲ့ ကြာကူလီကောင်သပ်သပ်ပဲ။
ယောက်ျားလေးဖြစ်ပြီး အခြားယောက်ျားတယောက်ကို အပိုင်သိမ်းချင်တဲ့သူ့စိတ်ဓါတ်ကို ကျွန်တော်ရွံတယ်။ သူကတော့ အခုချိန်အထိ အရှက်မရှိ ကျွန်တော်ရဲ့ ဝေယာဝစ္စတွေလုပ်ပေးနေတုန်း။
ပိုးလဲ ကျွန်တော်လက်ထပ်ဖြစ်တယ်ဆိုတဲ့သတင်း ကြားပြီးထဲက အဆက်အသွယ်မရတော့တာ အခုထိပါပဲ။ အခွင့်အခါသင့်ပြီး ကံမကုန်သေးရင်တော့ ကျွန်တော် ပိုးနဲ့ ပြန်ဆုံမိချင်သေးပါရဲ့။
-------------------------------------------------------------
"ကျွီ"
ဟင်း...မောင်ကတော့လေ အခုထိကိုအိပ်နေတုန်းပါပဲလား.... အလုပ်နောက်ကျနေတော့မှာပဲ....
"မောင်....ထတော့....အလုပ်နောက်ကျတော့မယ် .... မောင်"
"............"
"မောင်....မောင်ရေ..."
"ဟာကွာ...စောစောစီးစီးကွာ....ဒီစောက်ကျက်သရေမရှိတဲ့ နာမည်ပဲလာခေါ်နေတယ်.... ချီးလိုပဲ"
"......"
"ဝှားးးးးး..... ဘယ်နှနာရီရှိပြီလဲ"
"၁၀နာရီ"
"ဘာ ၁၀နာရီဟုတ်လား....ခင်ဗျား ကျူပ်ကိုဘာလို့ မနှိူးတာလဲဗျ"
"မောင့်ကို ငါနှိုးနေတာ ၇နာရီခွဲထဲက နှိူးနေတာလေ ...မောင့်ဘာသာ အိပ်ယာမထပဲပြန်အိပ်နေတာလေ"
"ဒီမှာ ခင်ဗျားကို ကျူပ်ပြောထားတယ်....ကျူပ်ကို မောင်ဆိုတာကြီး မခေါ်နဲ့လို့....ယောက်ျားချင်းဗျာ ကြက်သီးထတယ်....ရွံစရာကြီး လာမခေါ်နဲ့ဗျာ"
"အာ...ပြီးတော့ ကျူပ်က ခင်ဗျားကို ဂေးနေတာလဲ မဟုတ်ဘူး မေမေတို့ စိတ်ချမ်းသာဖို့ လက်ထပ်တာပဲရှိတာ"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။