Part-12

439 27 1
                                    

ဧ​ကေး အိမ်ပြန်​ရောက်​​ရောက်ချင်း အိမ်တံခါးကြီး
ပွင့်​နေ​သော​ကြောင့်

"ဟင်.... အိမ်တံခါးကြီးလဲ ပွင့်လို့ပါလား.... ​သူခိုးများကပ်သလားမသိဘူး ဒုက္ခပါပဲ"

ဧ​ကေး အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းတခု​ကြောင့် လန့်သွားသည်မှာ အမှန်

မြင်လိုက်ရ​သော မြင်ကွင်းများကား မိန်းက​လေးစီး ​ဒေါက်ဖိနပ် တရံဖြစ်​နေ​သော​ကြောင့် ဖြစ်သည်။

ဧ​ကေးတ​ယောက် မျက်ရည်များဝဲလာ​သော်လည်း စိတ်အစုံကို အားတင်းကာ အ​ပေါ်ထပ်ရှိ တံခါး ဟ ​နေ​သော အခန်းထဲသို့ တက်သွား​လေသည်။

အခန်းထဲ မဝင်မှီ အပြင်က ​တွေ့လိုက်ရ​သော  အခန်းမြင်ကွင်းမှာ ဧ​ကေး လက်ထဲက ကိုင်လာ​သော ပစ္စည်းအထုပ်များ ပြုတ်ကျ​လောက်ရသည်အထိ ​သွေးပျက်ဖွယ် မြင်ကွင်း ဖြစ်​နေ​သော​ကြောင့်ပင် ဖြစ်သည်။

စိတ်ထဲတွင် ​နောက်ကျိမူး​ဝေလာကာ စိတ်ကို အားတင်း၍ ​လှေကား​အောက်ကို အမြန်​ပြေးဆင်း​​လေသည်။

ဧ​ကေး တ​ယောက်

"ဟင့်အင်း ငါမျက်လုံးမှားတာ....ငါ့အ​ပေါ် ​မောင်က ဒီလိုမျိူးအထိ လုပ်မှာ မဟုတ်ဘူး.... ငါမကြိုက်တဲ့အရာကို ​မောင်က လုပ်မှ မဟုတ်ဘူး" ဟု တ​ယောက်ထဲ ပါးစပ်မှ ထပ်တလဲလဲ ​ပြော​ကာ ​ခေါင်းကို သွင်သွင်ခါပြီး ​ အိမ်ထဲက​နေ ပြေးထွက်​လေသည်။

စိတ်အစုံ လှုပ်ရှားကာ ​ပြေးထွက်လာ​သော ဧ​ကေး တ​​ယောက်မှာ ဖိနပ်ပင် မပါနိုင်ဖြစ်​နေသည်။

အပူမီးကပ်၍ ​ဖိနပ်မပါပဲ ​တောက်​လျှောက်​ပြေးလာ​သော ဧ​ကေးသည် လမ်းမကြီးထက်သို့ ​​ရောက်လာသည်ကိုပင် မသိနိုင်ဖြစ်​နေ​လေသည်။

ထို့စဥ်တွင်

"ဝုန်းးးးး!!!!!!!!!!!!!!!"

ကျယ်​လောင်​သော မြည်သံတခုနှင့် တခု ဖိနပ်မပါပဲ ​ပြေးလာ​​သော ဧ​ကေး၏ ခန္ဓာကိုယ်သည် လမ်းမ၏ မှတ်တိုင် ၂ခုစာ​လောက်ကို လွင့်ထွက်သွား​လေသည်။

အရှိန်ဖြင့် ​မောင်းလာ​သော ကုန်ကားတစီး၏ တိုက်ခံရမှု့ကို ​ဧ​ကေး ခံလိုက်ခြင်းပင် ဖြစ်သည်။

H.O.P.EWhere stories live. Discover now