ဇာမဏီမောင်သည် ဧကေးအမေအတွက် စီစဥ်ပေးစရာများပြီးစီးသည့်နောက်တွင် သူ့အမေကော ဧကေးအမေအတွက်ပါ အစားအသောက်များ ဝယ်ရန် ထွက်လာခဲ့တော့သည်။
ဇာမဏီမောင့်အမေ ဒေါ်အမရာမှာတော့ အခုထက်ထိ ဧကေး၏ ခွဲစိတ်ခန်းရှေ့တွင် ဆုတောင်းနေဆဲပင် ဖြစ်သည်။
တခုသောအချိန်ကာလကြာမြင့်ပြီးသောအခါ ခွဲစိတ်ခန်းထဲမှ နောက်ထပ်ဆရာဝန် တဦးထပ်ထွက်လာသောကြောင့် ဒေါ် အမရာမှာ မျှော်လင့်ချက်ရောင်ခြည်လေး တစွန်းတစကို ရင်ဝယ်ပိုက်ကာ မျှော်လင့်နေမိခဲ့တော့လေသည်။
"ဆရာ ...ကျွန်မတို့ ခလေးအခြေအနေ ဘယ်လိုရှိလဲဟင် လက်လျှော့လိုက်ကြတာလားဟင်"
"ဗျာ....လက်မလျှော့ပါဘူးဗျ....လက်လျှော့တယ်လို့ ဘယ်သူကပြောလို့တုန်း"
"ဟို ပထမဦးဆုံးထွက်လာတဲ့ဆရာဝန်ကပါ"
"အော် အန်တီရယ်....သူက Minor Doctorမို့လို့ အခုလိုပြောသွားတာပါ.... ပြောဆို သူရှိနေတုန်း ခွဲစိတ်နေရင်း လူနာက နှလုံးခုန်ရပ်သွားတာရယ်ကြောင့်ပါ"
"ရှင် ဘယ်လို.... အဲ့...အဲ့တာဆို ကျွန်မတို့ ခလေး...."
ပြောလဲပြော ငိုလဲငိုနေတဲ့ ဒေါ်အမရာကြောင့် တာဝန်ကျဆရာဝန် ခေါင်းနပမ်းကြီးသွားကာ
"အယ်....အန်တီ စိတ်ထိန်းပါဦးဗျ.... နှလုံးခုန်က ခဏတာရပ်သွားတာပါ ကျွန်တော်တို့ Major Doctorတွေနဲ့တူတူ ထပ်ကြိုးစားကြည့်တော့ လူနာက နှလုံးပြန်ခုန်လာပါတယ်ခင်ဗျ.... လူနာရဲ့ စိတ်အားထက်သန်မှု့ကြောင့်လဲ ပါမယ်ခင်ဗျ.... ဒါပေမဲ့ တခုတော့ရှိတာက"
"ဘာတခုလဲ Doctor....ဘာတခုလဲလို့ ဟမ်....."
"ဟို...ဟိုလေ...."
မျက်နှာအနည်းငယ် ပျက်ယွင်းကာ တဟိုဟိုဖြင့် ပြောဆိုနေသော ဆရာဝန်အား ဒေါ်အမရာ စိတ်မရှည်တော့ သဖြင့်
"ကဲ ဆရာရေ....ပြောစရာရှိတာသာပြောပါရှင်.... ကျွန်မဒီနားမှာတင် နှလုံးခုန်မြန်ပြီးအမောဖောက်သွားတာ မြင်ချင်လို့လား"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။