ပိုးနန်းဖြူဆီက mesရောက်သည်နှင့် ဇာမဏီမောင် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေသည်။
ပိုးက တခါမှ အခုလို Barတွေ ဘာတွေကို တခါမှDateမလုပ်ဘူးပါဘူး ဘာစိတ်ကူးပေါက်ပြီး ဒီနေ့ကျမှ Barမှာ Dateလုပ်ချင်တယ် ပြောလဲမသိဘူး။
ဇာမဏီမောင် မသိတဲ့ ပိုးနန်းဖြူ ၏ တခြားတဖက်အကြောင်းမှာကား ထင်သလောက် မရိုးရှင်းခဲ့ပေ။
ပိုးနန်းဖြူဟာ ငယ်ငယ်ထဲက အဖေနှင့် အမေ ကွဲနေခဲ့တာမို့လို့ အမေ တခု သမီး တခုဘဝနဲ့ပင် နေထိုင်ရှင်သန်လာရသူတယောက်ဖြစ်သည်။
ပိုးနန်းဖြူ ၏ အမေဖြစ်သူမှာကား ဥစ္စာပစ္စည်း အင်မတန် မက်တဲ့သူတယောက်ဖြစ်ကာ ပိုးနန်းဖြူ ၏ အဖေအရင်းမှာ ထင်သလောက် ငွေမရှာနိုင်၍ လမ်းခွဲခဲ့ကြကာ ..... သိပ်မကြာခင်မှာပဲ ဥစ္စာရှိသူတဦးနှင့် ချက်ချင်းဆိုသလို လက်ထပ်ခဲ့ပြန်ပါသည်။
ပိုးနန်းဖြူ ၏ ပထွေးမှာကား အများရှေ့တွင် အင်မတန် မိသားစုကိုချစ်ပြီး လေးစားအားကျစရာကောင်းသော်လည်း ကွယ်ရာတွင် မယားပါ သမီးဖြစ်သူ ပိုးနန်းဖြူအား ကျားချောင်း ချောင်းနေသူတယောက်ပင်ဖြစ်နေသည်။
ငယ်ငယ်ထဲက ဖြူဖြူလုံးလုံးလေးဖြင့် ချစ်စရာကောင်းနေသော ပိုးနန်းဖြူသည် အသက်ကြီးလာသောအခါတွင်လဲ တသွေးတမွေးဖြင့် လှလာသည်မှာ မထူးဆန်းပေ။
ထိုကဲ့သို့ တနေ့တခြား တသွေးတမွေးဖြင့် လှလာသော ပိုးနန်းဖြူအား ပထွေးဖြစ်သူမှ တနေ့အား မကြံသင့် မကြံအပ်တာတွေ ကြံစည်နေတော့သည်။
"သမီး ပိုးပိုးရေ"
"ရှင်...ဦးလေး"
ပိုးနန်းဖြူတယောက် မိမိအဖေ အရင်းမှလွဲ၍ တပါးသောသူကို ဖေဖေ ဟူသော နာမ်စားကို မခေါ်လိုပါ။
ထို့ကြောင့် မေမေ့ နောက်ယောက်ျားဖြစ်သူ ဦးအဂ္ဂကိုလဲ ဦးလေး ဟုသာ ခေါ်မိသည်။
" အင်း လာပါဦးကွယ် သမီးရယ် ....ဦး အတွက် ဒီမှာ သံပုရာရေလေး လာဖျော်ပေးစမ်းပါဦး.... ဦး သွေးတွေတက်နေလား မသိလို့"

KAMU SEDANG MEMBACA
H.O.P.E
RomansaMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။