Part-16

241 13 3
                                    

                                                   

အချိန် ၁လကြာမြင့်သွားသည်အထိ ဧ​ကေး
သတိမလည်လာ​သေးပါ။

​​ဒေါ်ဧကရီမှာလည်း သတိပြန်မလည်​သေးတဲ့ သူ့၏သားငယ် ဧ​ကေးရှိရာ အခန်းထဲသို့ အမြဲတ​စေ​နေ့တိုင်းလာ​ရောက်ကာ သူ့သားနား​တွင် စကားများကို​နေ့တိုင်းထိုင်​ပြော​နေ​လေ့ရှိသည်။

​ဆေးသွင်းပိုက်တန်းလန်းများဖြင့် ညိုမဲ​နေ​သော လက်က​လေးများကို ကိုင်ကာ ​ရေစိုဝတ်​လေးဖြင့်သုတ်ရင်း ....

"သားငယ်​လေး....​မေ့သား​​လေး.... သားငယ်​လေးက ခုထိ ​မေ့ဆီပြန်မလာ​သေးဘူး​နော်....ဘာလို့လဲ ​မေ့ကို စိတ်​ကောက်​နေတာလားဟင်..... ​မေ​နောက်ခါကျရင်သားငယ်​လေးစားချင်တဲ့မုန့်​တွေကို ဝယ်​ကျွေးမယ်​​လေ​နော်....အစပ်​တွေစားရင်လဲ ​မေ မဆူ​တော့ပါဘူး သားငယ်​လေးရယ်.... ​မေ့ရင်​တွေထဲ ဗ​​လောင်ဆူ​ပြီး ပူ​နေရတယ်ကွယ်"

​စကားများ​ပြောကာ မျက်ရည်များတသွင်သွင်စီးကျ​နကာ စကား​​တွေ​ပြော​နေသော ​ဒေါ်ဧကရီ့အားကြည့်ရင်း ​အခန်းအပြင်မှာရပ်​နေ​သော ​ဒေါ်အမရာ့ခမျာ သားဖြစ်သူ၏လုပ်ရပ်များ​ကြောင့် ခုလိုပ​ရောဂမကင်းဖြစ်​နေ​သည်ကို ​​တွေး​​တောမိ​သော​ကြောင့် မိဘချင်းကိုယ်ချင်းစာမိကာ အလွန်ပင်အားနာ​နေရ​တော့သည်။

-------------------------------------------------------

တဖက်တွင် ပိုးနန်းဖြူ နှင့် ဇာမဏီ​မောင်တို့ ၂​ယောက်မှာလဲ

"ကို"

"......."

"ကို....ကို​ရေ"

Coffee Dateချင်ပါတယ်ဆိုတဲ့ ပိုးနန်းဖြူတ​ယောက် coffee dateပြီးရင် Shoppingထွက်ချင်သည်ကို ဇာမဏီ​မောင့်အား ​ပြောပြရန် ​ခေါ်​နေသည်မှာ အ​တော်​လေး​ပင်ကြာ​နေ​တော့မည်ဖြစ်သည်။

သူ၏​ရှေ့တွင်ထိုင်​နေ​သော ဇာမဏီ​မောင်မှာ​တော့ အသိစိတ်လွတ်​နေ​သော လူပမာ အ​ဝေးတ​နေရာကိုသာစိုက်​ကြည့်ကာ ပိုးနန်းဖြူ၏ ​ခေါ်သံကိုပင် မကြားနိုင်​လောက်​အောင် ဖြစ်​နေသည်။

ထို့​နောက် ဇာမဏီ​မောင်၏ လက်​မောင်းကို ကိုင်ဆွဲလှုပ်ရာ မတရား​အော်​ခေါ်​တော့မှသာ ဇာမဏီ​မောင်တယောက် စိတ်နှင့်ကိုယ် အသိစိတ်ပြန်ကပ်ကာ
ပိုးနန်းဖြူ၏ ​ခေါ်သံကို​ကြား​တော့သည်။

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

H.O.P.EWhere stories live. Discover now