ဧကေး နှင့် ဇာမဏီမောင်တို့မှာ ဘေးချင်းကပ်အိမ်ဖြစ်နေသည်မို့ ဇာမဏီမောင် ရှည်ရှည်ဝေးဝေး သွားနေစရာမလိုတော့ပေ။ ခြံပြင်ထွက်ပြီး တဖက်အိမ်ကိုရောက််သည်နှင့်တပြိုင်နက် ဧကေး မေမေ ဒေါ်ဧကရီအား ဧည့်ခန်းထဲတွင် တွေ့ရလေသည်။
"ဟယ် သား... ဇာမဏီ...လာလေ"
"ဟုတ်ကဲ့ အန်တီ.... ဒါနဲ့ ကို ဧကေး ရောဟင်"
"အော် သားရဲ့ကိုကိုက အပေါ်ထပ်ကစာဖတ်ခန်းထဲမှာ သားရဲ့"
ဇာမဏီမောင် တယောက် ဒေါ်ဧကရီ၏ သားရဲ့ကိုကို ဟုဆိုသော စကားကြောင့် မျက်မှောင်ကြုတ်ကာ စိတ်အလိုမကျဖြစ်သွားသည်။
အရင်တုန်းကလို အခြေအနေမျိူးဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အခုတော့ ဇာမဏီ စိတ်မကြည်နိုင်။ သူသာ ကိုယ့်အပေါ် ညီအကိုတယောက်ကဲ့သို့ သတ်မှတ်ခဲ့လျှင် ယခုလိုကိစ္စမျိူး ဖြစ်လာစရာအကြောင်းတခုမှပင်မရှိချေ။ သို့သော် လူကြီးတွေရှေ့မရိုင်းချင်သောကြောင့် အတတ်နိုင်ဆုံး မျက်နှာကိုပြန်ပြင်ကာ
"ဟုတ်ကဲ့ အန်တီ....အဲ့တာဆို သား အပေါ်ကိုတက်သွားလိုက်ဦးမယ်နော်"
ဟုဆိုတာ အပေါ်ထပ်ကိုသာတက်လာခဲ့တော့သည်။
-------------------------------------------------------------
အခန်းရှေ့ရောက်သောအခါ..."Knock knock"
"မေမေလား ဝင်ခဲ့လေ"
"ကျွန်တော်ပါ....ဇာမဏီမောင်ပါ"
"အော် ညီ .... ဝင်ခဲ့လေ..." ဟု ဖြေသံကြားသောအခါ ဇာမဏီမောင် တံခါးဖွင့်၍ ဝင်သွားလေသည်။
" လာ...ညီ....ထိုင်လေ"
"ဟုတ်ကဲ့"
ဟုဆိုပြီး ကြောင်အမ်းအမ်းနှင့် ဘာစကားမှမပြောပဲ မိမိအား စိုက်ကြည့်နေသော ကောင်လေးကြောင့် "ဧကေး" အနေရခက်လာသည်။
"ညီ...ဘာကိစ္စရှိလို့လဲ"
"အာ...ဟို"
"........"
" ကိုဧကေး နဲ့ ကျွန်တော် နဲ့ကို မိဘချင်းသဘောတူပြီး ပေးစားမဲ့ကိစ္စ သိလား"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။