Part-13

492 34 8
                                    

ပိုးနန်းဖြူ နှင့် အတူ အိပ်ခန်းထဲက အထွက်
အိပ်ခန်းဝတွင် အထုပ်ပိစိ​လေးများ ​ရှိ​နေ​သော​ကြောင့် ဇာမဏီ​မောင် ထိုအထုပ်များကို ဖွင့်ကြည့်ရန်ပြင်​နေစဥ်

ပိုးနန်းဖြူမှ

"ကို အဲ့တာဘာ​တွေလဲ"

"ကိုလဲ ​သေချာမသိဘူး ဘယ်တုန်းက ​​ရောက်​နေ​တဲ့ အထုပ်​တွေမှန်းမသိလို့ ဖွင့်ကြည့်မလို့"

ဖွင့်ကြည့်မည် လုပ်​နေ​သော ဇာမဏီ​မောင့်ကို
ပိုးနန်းဖြူမှ

"အာ ကိုကလဲ ရှုပ်ရှုပ်ရှက်ရှက်​တွေကွာ..... ပိုး အိမ်အရမ်းပြန်ချင်​နေပြီ ပင်ပန်း​နေပြီ ကိုရဲ့.... ပိုးကို အရင်လိုက်ပို့​ပေး​နော် .....​နော် လို့.....​​နော်"

ဟု ချွဲပစ်ကာ ဇာမဏီ​မောင့်အား ​ပြော​သောအခါ
ဇာမဏီ​မောင်လဲ စကား ရှည်ရှည်​ဝေး​ဝေး မ​ပြောချင်​​သော​ကြောင့် အထုပ်များကို ပြန်လာမှ ဖွင့်ကြည့်မည်ဟု ရည်ရွယ်ကာ ထားခဲ့လိုက်​​လေသည်။

အမှန်​တော့ ပိုးနန်းဖြူသည် မနက်အ​စောထဲက
ဧ​ကေးပြန်​ရောက်​နေသည်ကို သိသည်။

သိ၍ပင် တမင်သက်သက် အခန်းတံခါးအား ဟထားကာ အကျီ်များကို ချွတ်ကာ ဇာမဏီ​မောင်နှင့် အတူ ဖက်အိပ်​နေသည့် ပုံစံများကို လုပ်ပြခဲ့ခြင်းဖြစ်သည်။

ထိုမြင်ကွင်းကို တမင်တကာ ရည်ရွယ်၍ ပြုလုပ်ထားသည်ဟုဆိုလျှင် မှန်ကန်​ပေသည်။

ဇာမဏီ​မောင်မှ အထုပ်များကို ​နောက်မှ ဖွင့်ကြည့်မည်ဟု ဆိုကာ ​လှေကား​အောက်သို့ ဆင်းသွား​နေစဥ်ပိုးနန်းဖြူမှာ ဧ​ကေးယူလာ​သော အထုပ်များကို ​
ခြေ​ထောက်ဖြင့်
ဧ​ကေးအခန်း​ရှေ့သို့ ပုတ်ထုတ်လိုက်​လေသည်။

-------------------------------------------------------------

တဖက်တွင်လည်း ​ဆေးရုံ၏ ခွဲစိတ်ခန်းထဲတွင် ​သေမင်းနှင့် စစ်ခင်း​နေရ​သော ​ကောင်​လေးတ​ယောက်ရှိရာ ​ဆရာဝန်များက ခွဲစိတ်ကုသရန် လူနာ၏ အုပ်ထိန်းသူလက်မှတ်ကိုအလိုရှိ​နေ​သော​ကြောင့် လှုပ်လှုပ်ရှားရှားများဖြစ်​နေကြသည်။

လှုပ်လှုပ်ရှားရှားဖြစ်ရသည့်အ​ကြောင်းအရင်းမှာကား ထိုလူနာ​ကောင်​လေး၏ အုပ်ထိန်းသူမှာ ယခုအထိပင် ဖုန်းမကိုင်ပဲ ​နေလျက်ရှိရာ လူနာမှာလဲ ​သွေးထွက်​လွန်​တော့မည် ဖြစ်သည်။

H.O.P.ENơi câu chuyện tồn tại. Hãy khám phá bây giờ