မိုးတွေ အရမ်းသည်းနေသော်ငြားလည်း
ဇာမဏီမောင် ပြန်မလာသေး၍ ဧကေး၏ စိုးရိမ်မှုတို့သည် အတိုင်းထက်လွန် မြင့်တက်လျက်ရှိနေသည်။လျှပ်စီးများ နှင့် မိုးကြိုးများကြောင့် ကြောက်လန့်စိတ်ဖြစ်ပေါ်နေမိသော်လည်း ဇာမဏီမောင့်အပေါ် စိုးရိမ်ကြီးစိုးမှုက အနိုင်ယူသွားနေပြန်သည်။
ထိုစဥ်တွင်
"ဒုန်း ဒုန်း ဒုန်း!!!!!!"
အခန်းတံခါးအား ဆက်တိုက်ဆိုသလို ထုနေသောကြောင့် ဧကေးတယောက်အခန်းထဲမှ နေ၍
"ဘယ်သူလဲ....မောင်လား"
မေးသံကို ပြန်မဖြေပဲ တံခါးအား ဆက်လက်ထုနေရာ
"ဒုန်း ဒုန်း!!!! ပိုးရေ ကို့ကို အခန်းတံခါး လာဖွင့်ပေးပါဦး ပိုးရေ အေ့"
ဇာမဏီမောင့်အသံကြားသည်နှင့် တပြိုင်နက် ဧကေးအခန်းတံခါးကို သွားဖွင့်ပေးလိုက်ရာ တကိုယ်လုံး မိုးရေများဖြင့် စိုရွှဲနေကာ အရက်နံ့တွေဖြင့် မွှန်ထူနေသော ဇာမဏီမောင်အား တွေ့လိုက်ရတော့လေသည်။
"ဟင်...မောင်....ဘယ်လိုဖြစ်လာတာလဲ တကိုယ်လုံးလဲ စိုရွှဲလို့ပါလား "
" ဟီးဟီး....ပိုး....ကို့ရဲ့ ပိုးလေး.... ဘာလို့ကိုယ့်ကို အကြာကြီးပစ်ထားတာတုန်း ပိုးရဲ့...အေ့...ကိုက ပိုးကို လွမ်းနေတာ"
ကိုယ်ချစ်ခင်မြတ်နိုးရပါသော လူ၏နှုတ်မှ တခြားသူတယောက်ကို လွမ်းဆွတ်နေကြောင်း ပြောနေသောကြောင့် ဧကေး စိတ်မကောင်းဖြစ်နေမိသည်။
ပိုးနန်းဖြူဆိုတဲ့ မိန်းကလေးက သိပ်ကိုကံကောင်းတယ်....မောင်ရဲ့ မူးပြီးအသိစိတ်ကင်းလွတ်နေတဲ့အချိန်ကာလမျိူးမှာတောင် မောင့်ကိုလွှမ်းမိုးနိုင်စွမ်းရှိနေတာ....
မင်းကို အားကျမိတယ် ပိုးနန်းဖြူ။
အတွေးများသည် ဇာမဏီမောင်၏ ကြီးမားလေးလံနေသော ခန္ဓာကိုယ်ကြီး ဧကေးပေါ်ပြုတ်ကျလာမှသာ ရပ်တန့်သွားမိသည်။
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။