ဧကေးတယောက် မနက်က မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကြောင့် အတော်လေးစိတ်ထွေပြားနေခဲ့သလို ဝမ်းနည်းနေမိတယ်။
ကမ္ဘာပေါ်မှာ အမုန်းဆုံးလူသားနဲ့ အမုန်းဆုံးလုပ်ရပ်တွေကိုပြပါဆိုရင် ငါ့ ဖေဖေနဲ့ အိမ်ထောင်ရေးဖောက်ပြားမှုဆိုတဲ့ လုပ်ရပ်ကို ငါပြရလိမ့်မယ်။
တပါးသူမိသားစု မျက်ရည်ပေါက်ကြီးငယ်ကျမှ နေသာထိုင်သာရှိတဲ့ မိန်းမပျက်တွေကိုလဲ ငါမုန်းတယ် မောင်။
ဒါကြောင့်မို့လို့ မောင်လဲ ငါ့အပေါ်အဲ့လို မလုပ်ဘူးလို့ ငါယုံကြည်ထားတယ်။ ငါ့ကို ကြိုက်သလောက် မုန်းနိုင်တယ် မောင်။ တခုတော့ရှိတယ် ငါ အမုန်းဆုံးလူသားလုပ်သွားတဲ့ လုပ်ရပ်မျိူး မောင် မလုပ်မိဖို့ ငါ မျှော်လင့်တယ်။
-------------------------------------------------------------
ဇာမဏီမောင် တယောက် ရုံးဆင်းတော့ ပေါ့ပါးလန်းဆန်းပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အိမ်ပြန်လာခဲ့တယ်။
"Knock Knock"
တံခါးခေါက်သံကြားလို့ နာရီကြည့်မိလိုက်တော့ ဧကေးတယောက် မောင် ပြန်လာပြီဆိုတာ သိပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။
"မောင် ပြန်လာပြီလား....ထမင်းစားတော့မလား မောင်"
ဧကေး မျက်နှာမြင်လိုက်သည်နှင့်တပြိုင်နက် ဇာမဏီမောင်တယောက် ရုတ်ချည်းမျက်နှာက ခက်ထန်သွားကာ
"မောရတဲ့ကြားထဲမှပဲဗျာ....-ီးလိုပဲ စကားတွေမနားတမ်းပြောနေတာ.... ရုံးကပြန်လာရင် ရေအရင်ချိူးနေကြဆိုတာ ခင်ဗျားမသိလို့လား"
ဧကေး တယောက် ပြုံးပျော်နေတဲ့မျက်နှာကနေ ချက်ချင်း ခက်ထန်သွားပြီး စကားကို အော်ဟစ် ပြောဆိုတဲ့ မောင့်ကို ကြောင်ကြည့်ရင်း
"မဟုတ်ပါဘူး မောင်ရဲ့ ....ငါက မောင် ဗိုက်များဆာနေပြီလားလို့ပါ"
"စောက်ရေး မပါတာတွေ ပြောမနေစမ်းပါနဲ့ဗျာ....ရွံဖို့ကောင်းတယ်"
"........"
"ဒါနဲ့ နေပါဦး ....ခင်ဗျားက ကျူပ်ပုံမှန်လုပ်နေကြ အလုပ်တွေကိုလဲ မေ့တယ်.... ကျူပ်ဝေယာဝစ္စတွေကိုလဲ မေ့တယ်ဆိုတော့ ခင်ဗျားခေါင်းထဲ ကျူပ်အပြင် တခြား ဘယ်လင်ငယ်ရှိနေသေးလို့လဲ ပြောစမ်းပါဦး"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။