"ကို"
ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွှင်စွာ ဖော်ပြထားသည့် အနီရောင်ကိုယ်ကြပ် အကျီ်လေးနှင့် ကျောလယ်ထိရှိသော ဆံနွယ်များကို လှိုင်းလုံးအကြီးကောက်ထားသော ပိုးနန်းဖြူ တယောက်ကို ဇာမဏီမောင်တယောက် ကြောင်ငေးကြည့်နေမိသည်။
သတိလက်လွတ်ဖြစ်သည် အထိ ငေးကြည့်မိနေရာ နားထဲတွင် ပိုးနန်းဖြူ ၏ ခေါ်သံကို နောက်တကြိမ်ထပ်ကြားရမှ အသိပြန်ဝင်လာတော့သည်။
"ကို"
"ဟင်...အင်း ပိုး"
"ကို နော်....ဘာတွေများအဲ့လောက်တောင် လူကို စိုက်ကြည့်နေတာလဲလို့.... ပိုးဖြင့် နေတောင် မနေတတ်တော့ဘူးကွာ"
ခပ်ညုညု အသံဖြင့် ပြောဆိုကာ ရှက်သွေးဖြာဟန်ဆောင်နေသည်။
"ဟို....ပိုးက ဒီနေ့ည အရမ်းလှနေတော့ ကိုက ငေးကြည့်နေမိတာပေါ့ဗျ"
"ခစ်ခစ်....ကိုနော်"
" ဒါနဲ့ ပိုးက ဒီညကျမှ ထူးထူးဆန်းဆန်း ဘာလို့ ဒီလိုနေရာမျိူးမှာ ကို နဲ့ ဒိတ်လုပ်ချင်တာလဲ"
"ကိုကလဲ ဒီနေ့ ကို နဲ့ ပိုးရဲ့ 3 years Anniversaryလေ.... ကို မေ့နေတာတော့ မဟုတ်ဘူးမှတ်လား"
စိတ်ဆိုးဟန်ပြုကာ ပြောနေသော ပိုးနန်းဖြူကြောင့် ဇာမဏီမောင်က သဘောတကျရီကာ
"ဟဟ....ကို့ ရဲ့ ပိုးလေးက တကယ့်ကို ခလေးလေးလိုပါပဲကွာ... ကို က မေ့စရာလား ပိုးရဲ့ ဒီနေ့က ကိုတို့ ၂ယောက်ရဲ့ Anniversaryလေ"
"ဟွန့် ကိုနော်....ဒါဆို ပိုး အတွက် ဘာလက်ဆောင်ပြင်လာလဲ"
ပိုးနန်းဖြူ ၏ ပါးကို တချက်ဆွဲကာ
"ဟောဒီမှာဗျာ....ပိုးအတွက်"
ဟုဆိုကာ ကတ္တီပါအနီရောင် ဘူးလေးထဲထည့်ထားကာ တပွင့်ထဲသော စိန်ကို ငွေရောင်အနားသပ်ကွပ်ထားသော စိန်လက်စွပ်လေးကိုပြလိုက်လေသည်။
"ဟယ် ကိုရယ်"
မျက်ရည်များ ဝိုင်းကာ ထိုလက်စွပ်အား သဘောတကျကြည့်နေသူမှာ ပိုးနန်းဖြူဆိုသည်မှာ ဧကန်ပင်။
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။