Part-5

528 52 6
                                    

ကျွန်​တော် ဒီရက်ပိုင်း စိတ်​​တွေ​ထွေပြား​နေတယ်။ ပိုးနန်းဖြူနဲ့ ကျွန်​တော် အဆက်အသွယ် ပြန်ရတယ်။ သူ ကျွန်​တော့်ကို ဆက်သွယ်လာတဲ့အချိန် သူငို​​နေတယ်။ သူ့ ငိုသံကြားရတာ ကျွန်​တော့်စိတ်ထဲ တမျိူးကြီးပါပဲ။

သူ ကျွန်​တော်နဲ့ အပြင်မှာ တခါ​လောက် ထပ်ဆုံချင်​သေးတယ်​ပြောတယ်။ ကျွန်​တော်လဲ လက်ခံမိလိုက်တယ်။

​မိတ်​ဟောင်း ​ဆွေ​ဟောင်းအဖြစ်နဲ့ ပြန်ပြီး​​တွေ့ဆုံရုံ သပ်သပ်ပါပဲ။ ​ဖောက်ပြန်မှုလို့ မမည်ပါဘူး။ ဟုတ်တယ် ကျွန်​တော်တို့က သာမာန် မိတ်​​ဟောင်း ​ဆွေ​ဟောင်းအဖြစ် ပြန်​တွေ့တာ ကျွန်​တော်တို့ ပြန်​တွေ့သင့်တယ်။

---------------------------------------------------------------------

"Beep Beep Beep"

"ဧ​ကေး"တ​ယောက် ဇာမဏီ​မောင်အခန်းထဲသို့ အိပ်ယာနှိူးရန် ဝင်လာစဥ် ခုံ​ပေါ်မှ ဖုန်းရဲ့  vibrationသံမြည်​နေမှု​ကြောင့်  ဧ​ကေး လှမ်းကြည့်မိသည်။

Ph screenတွင် မြင်ရ​သော contact name​ကြောင့် ဧ​ကေး မျက်​မှောင်ကြုတ်မိသည်။

"💓ပိုး💓" ဟူ​​သော​ကြောင့်ပင်။

ဧ​ကေး ကိုယ့်စိတ်ကို ကိုယ် ပြန်ထိန်းသည်။ ဟုတ်တယ် အလုပ်ကိစ္စ​ကြောင့် မဟုတ်ရင် တခြားအ​ကြောင်းအရင်း တခုခုရှိလို့​နေမှာပါ။

​မောင်က ငါ့အ​ပေါ်ဘယ်​တော့မှ ​ဖောက်ပြန်မှုမျိူး လုပ်မှာ မဟုတ်ဘူးဆိုတာ ငါယုံတယ်။ ငါ အမုန်းဆုံး အရာကို ​မောင်လုပ်မှာ မဟုတ်ဘူး။

တ​ယောက်ထဲ ​ခေါင်းခါရင်း မျက်ရည်များ ကျ​နေမိသည်။ ရှိုက်သံများ ပြင်းလာ​သော​ကြောင့် ဧ​ကေး တ​ယောက် အခန်းထဲက​နေ အမြန် ​ပြေးထွက်​နေမိသည်။

သူ့ငိုသံ​ကြောင့် ​မောင် အိပ်​ရေးပျက်မှာ မလိုလားပါ။
​မောင့်ကို ယုံတာမို့လို့ ​မောင့်ဘက်ကလဲ ယုံကြည်မှု့ကို မဖြတ်ပစ်ဖို့ ​မျှော်လင့်ပါတယ်။

-------------------------------------------------------------

ဇာမဏီ​မောင် တ​ယောက် အိပ်ယာနိုး၍ နာရီကြည့်မိ​သောအခါ မနက် ၈နာရီခွဲ​လေပြီ။ စိတ်ထဲတွင်

H.O.P.EWhere stories live. Discover now