ဇာမဏီမောင် နဲ့ ပိုးနန်းဖြူတို့ အခြေအနေက အရင်ကထက် အခြေအနေ ပိုကောင်းလာနိုင်တယ်လို့ ဆိုရမယ်။
ဘာလို့ဆို စားလဲတူတူ၊ သွားလဲ တူတူ ၊လာလဲတူတူနဲ့လေ..... အိပ်ရင် တူတူမဖြစ်သေးတာပဲ ကျန်တော့တာ။
"ကို"
ဇာမဏီမောင် တယောက် အလုပ်လုပ်နေရင်း ရုံးခန်း အပေါက်ဝနားက ခေါ်သံကြောင့် လှမ်းကြည့်မိသည်။
ကြည့်မိတဲ့အကြည့်ထဲလဲ ကျေနပ်ပီတိဖြစ်နေမှုတွေ ပါဝင်နေတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင်သာမက ဘေးလူကြည့်ရင်တောင် သိသာနေတဲ့ အနေအထားမျိူးဖြစ်တယ်။
"ပိုး....လာလေ"
"ဟုတ်.... ဒီမှာလေ ကို့အတွက် ပိုး ထမင်းချိုင့်ပြင်လာတာရယ်.... ပိုး ကိုယ်တိုင် ချက်ထားတာနော်"
"ဟ ဟုတ်လှချည်လားဗျ.... ကို့ရဲ့ ပိုးလေး ပင်ပန်းနေတော့မှာပဲဗျာ"
"ကို့ရဲ့ ပိုးလေး"ဆိုတဲ့ နာမ်စားကြောင့် ပိုးနန်းဖြူတယောက်ကျေနပ်နေမိသလို.... ဇာမဏီမောင်မှာလဲ
ငါဘာစိတ်ကူးပေါက်ပြီး ဒီလိုနာမ်စားမျိူးသုံးမိတာလဲ.... ဒါပေမဲ့လဲ အဲ့လိုခေါ်လိုက်တဲ့အချိန် သူဖြစ်သွားတဲ့မျက််နှာလေးက ငါ့ရင်ထဲ ကလိကလိနဲ့....
ကိုယ်စီအတွေးများနေတဲ့အချိန် ရုံးခန်းရှေ့က တံခါးခေါက်သံကြောင့်
"Knock"
"ကျွန်တော် သီဟပါ Boss"
သီဟဆိုသောကြောင့်
"အင်း....ဝင်လာခဲ့လေ ဘာကိစ္စရှိလို့လဲ....အရေးမကြီးရင် နောက်မှပြောလေ"
"ဟိုလေ Boss.... ဟို"
ရုတ်ချည်းဆိုသလို စိတ်ဂဏာမငြိမ်သလိုမျိူး မျက်စံများ ဟိုရောက် ဒီရောက်ဖြင့် ပြောမဲ့စကားကို တဟိုဟိုဖြစ်နေတဲ့ သီဟ အား ဇာမဏီမောင် စိတ်မရှည်တော့သောကြောင့်
"ဟာ သီဟ....မင်းနှယ့်လဲကွာ....တဟိုဟိုနဲ့ ဘာဖြစ်နေတာတုန်း....အရေးမကြီးလဲ နောက်မှပဲပြောတော့"
YOU ARE READING
H.O.P.E
RomanceMarried Lifeလေးကိုပဲ အဓိကထားရေးသွားမှာပါ။ အရေးအသား ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်တာမို့လို့ အားလုံးကို မီယားနဲ🙇♀️🤎 အသုံးအနှုန်းလဲ ရိုင်းစိုင်းနိုင်တာမို့လို့ ကြိုတင်တောင်းပန်ပါရစေ။