Unicode
ညနေ၄နာရီက မမှောင်သေးဘူး...အလင်းရောင်ရှိသေးသည်။
မြို့ပြကြီးရဲ့ လမ်းစုံတိုင်းဝယ်...ကားတွေက သွားလာလွန်းလိူ့ လမ်းရှုပ်နေသည်။
ထိုကားတွေထဲကမှ ကားတစ်စီးထဲတွင်...ရုပ်ရည်က နတ်ဘုရားသဖွယ် ချောမောပြီး ခန့်ညားတဲ့သူက နံဘေးက ဆူပုတ်ပုတ်နဲ့ ကောင်လေးကို မြတ်နိုးခြင်းများနှင့် ပြုံးကာ ကြည်နေလေတယ်။
Senoသေချာပေါက် မလိုက်ဘူးလို့ ငြင်းတယ်...ဒါပေမဲ့ အဲ့လူက သူ့ကိူချီပြီး ကားထဲကို ထည့်လိုက်တယ်လေ..ဂျိန်းခနဲနေအောင် ကားတံခါးကို ပိတ်ပြီး တခါထဲ လော့ခ်ချလိုက်တာ...တရားလား အဲ့ဒါ.....ယီးလိုပဲ...ဒီကောင်တော့....
ကားဟာ နာမည်ကြီးစားသောက်ဆိုင်တစ်ခုကိုဦးတည်ပြ သွားခဲ့သည်။...John က ကားပါကင်မှာ ကားထိုးလိုက်ပြီး ဘေးက ကောင်လေးကို တံခါးဖွင့်ပေးသည်။ Senoက မကျေမချမ်းအကြည့်နဲ့ ဆင်းလာလိုက်တယ်...
သူတို့စားသောက်ဆိုင်ရဲ့ မြင်ကွင်းကောင်းတဲ့ နေရာမှာ နေရာယူပြီး စားစရာကိူ မှာကြတယ်
"မှာနော်.....အချစ်ကလေး...''ဆိုပြီး Johnက ပြီတီတီရုပ်နဲ့ ပြောလာတယ်
"ဘောကို အချစ်ကလေးလား... ''
အဲ့အချိန်မှာ သူတို့စားပွဲကို လူတစ်ယောက်ရောက်လာတယ်...ထိုလူက သူ့ရဲ့အသားအရည်နဲ့ လိုက်ဖက်နေသည့်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။သူက Senoကျုသာ ကြည့်ပြီး ချိုသာအက်ရှသောအသံဖြင့် ပြောလာသည်
"Hi...ကိုယ့်ကိုမှတ်မိလား''
ထိုစကားကြောင့် စကားလာပြောသော ထိုလူအား မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် Senoက ကြည့်လိုက်သည်
ထိုလူက ပြုံးပြီး ပြောသည်
"ကိုယ်နဲ့ နေ့လည်က ဓာတ်လှေကားနားမှာ တိုက်မိသေးတယ်လေ...''Senoမှာ သူ့ရဲ့ မှတ်ဥာဏ်တွေကို အမြန်ပြန်ခေါ်ရသည် သူမှတ်မိသွားတာကြောင့် ဖော်ရွေသောအပြုံးဖြင့်
"ဟုတ်ကဲ့..မှတ်မိပါပီ...အခုက ဘာကိစ္စလဲဗျ''
"ကိုယ့်နာမည်က Leoပါ ကိုယ်ကမင်းနဲ့ခင်ချင်လို့...''
![](https://img.wattpad.com/cover/295131866-288-k801423.jpg)
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)