Unicode
(ကျန့်ငယ်ကိုရှောင်ဟွားလို့ စသုံးတော့မယ်နော်)
ဇာတ်လိုက် နှစ်ယောက် ချစ်ရည်လူးပြီး ချိန်က အတော်တောင် နောက်ကျနေလေပြီ....ညနေစောင်းလောက်ထဲကနေ...ခု ညလယ်ခေါင်ဆိုတော့...
ဇာတ်လိုက် နှစ်ယောက်အိပ်မောကျနေတာ သေချာတာနဲ့ ရှောင်ဟွားတစ်ယောက် ခုန်ပျံကျော်လွှားသိုင်းကွက်ကို စနင်းရသည်...
ညကြီးသန်းခေါင် ဖြစ်သည့်အတွက် လူခြေတိတ်နေသည်။.
. ထိူချိန်က ရှောင်ဟွားသေ သွားသည့်အတွက် စွမ်းအင် မရလိုက်ပေ..အကယ်၍သာ မသေခဲ့လျင် မနက်ဖြန် လပြည့်ည ဖြစ်သည့်အလျောက် လနတ်သမီး ဇာတ်လိုက်မ ရဲ့ နှစ်သုံးရာပြည့် မွေးနေ့ပင်....လပြည့်ကျော်တစ်ရက်က ရှောင်ဟွားရဲ့ နှစ်သုံးရာ ပြည့်မွေးနေ့ဖစ်သည်.. ဇာတ်လိုက်မမနာလိုသည်များထဲတွင် ထိုအရာလဲ ပါသည် မွေးတာ နေ့တစ်ရက်သာ ခြားပြီး ရှောင်ဟွား.က သူမထက် ပို၍ လှပနေသည့်အခါ.. အပြစ်မရှိ အပြစ်ရှာကာ လူ့ပြည်သို့ နှင်ချ ခံရပီး စွမ်းအားများ.ချိတ်ပိတ်ခြင်းခံရသည်...ဇာတ်ကြောင်းထဲတွင်တော့ စွမ်းအားတေကို ထုတ်နှုတ်သည်ဟု ပြောခဲ့ပေမဲ့...ရှောင်ဟွားရဲ့ စွမ်းအင်တေက ခန္တာကိုယ်ထဲတွင်သာ ရှိနေပီး ထုတ်နှုတ်၍ မရသည့်ကြောင့် ချိတ် ပိတ်ထားတာ ဖြစ်သည်။
ရုတ်တရပ် ကောင်းကင်မှ ရွှေအိုရောင် အလင်းတန်းက ရှောင်ဟွားပေါ်သို့ ကျရောက်လာသည်....
ရှောင်ဟွားသတိပြန်ရလာချိန်မာ တဲငယ်လေးတစ်ခုအတွင်းမှာ ဖြစ်သည်။...မထသေးခင်မာ...အခြေအနေကို တစ်ချက်ကြည့်လိုက်သည်...
တဲငယ်ဆိုပေမဲ့ သူ့ဟာနှင့်သူ သပ်သပ်ရပ်ရပ်ရှိသည်...အမိုးနှင့် နံရံအားလုံးကို ဝါးတေနဲ့ ကာရံထားသည်...ရှောင်ဟွားအိပ်နေတဲ့ ကုတင်ရဲ့ ညာဘက်ကပ်ရပ်တွင် စားပွဲငယ်လေးရှိသည်။
ရှောင်ဟွား ဟာ မျက်လုံးဖြင့် ဝေ့ ကာ အကဲခတ်နေချိန် တံခါးပွင့်လာပြီး အသက် 10နှစ်အရွယ် ကလေးငယ်တစ်ယောက် ဝင်လာသည်။...
မျက်လုံးဝိုင်းပြိး..နှာခေါင်းသေးသေးလေး...ပါးက ဖောင်းကာ...အသားက လက်သည်..
နှုတ်ခမ်းက မဆိုသလောက်လေး.ရဲသည်....ကလေးလေးက သူနိုးနေတာလဲ မြင်ရော..မျက်လုံးများလက်ကာ...
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)