Real life

4.7K 359 19
                                    

Unicode

ဆေးရုံကြီးတစ်ခုရှိ VIP roomတွင် လူများစွာ ရှိနေလေသည် ဆေးရုံအုပ်၊အထူးချွန်ဆုံး ဆရာဝန်တေ၊nurseတေ အားလုံးဟာ လူနာ ကုတင်ပေါ်က လူအား သတိရလာစေရန် မျှော်လင့်နေကြသည် လူနာကုတင်ရဲ့ တစ်ဖက်တွင် ခုံတစ်ခုနှင့် မိန်းကလေးတယောက်က ထိုင်နေသည် သူမရဲ့မျက်လုံးတေဟာ မို့အစ်နေသည့်မှာ သူမ ဘယ်လောက်ငိုထားကြောင်းကို ပြသနေ သည်

ထိုမိန်းကလေးဟာ တိုးလျသောအသံဖြင့်လူနာကုတင်တွင် လဲလျောင်းနေသော ကောင်လေးအား မေးသည်

"ကိုကို ဘယ်တော့ သတိရလာမှာလဲ "

"ကိုကို့ကို လွမ်းနေပီ...ကိုကို အိပ်နေတာ တစ်လတိတိရှိပီ..."

"တော်ရောပေါ့ ကိုကို ဒီလောက် အိပ်ရရင်...."

ထိုချိန်တွင် လူနာကုတင်ရှိကောင်လေးဟာ စတင် အသံထွက်လာသည်

"ရေ........"

"ကိုကို့!!....."

ဂွမ်းစလေးအား ရေစွတ်ပီးရှောင်ကျန့်ရဲ့ နှုတ်ခမ်းအား ထိတွေ့ပေးသည်

ဆရာဝန်တေအားလုံး ဖိအားမှ လွတ်မြောက်သွားကြသည်။ ရှောင်ကျန့်ရဲ့ ညီမ ဖြစ် သူ ရှောင်မိန်းဟာ ပျော်လွန်းလို့ မျက်ရည်တေ ကျလာရပြန်သည်

ဆေးရုံခန်းတွင် ပျော်ရွှင်မှုနဲ့ ကြည်နူးနေ ချိန် ဆေးရုံ အပြင်ဘက်တွင် ကားတစ်စီးက ထိုးရပ်လာသည် ထိုကား၏နောက်တွင် မရေတွက်နိုင်သော ကားပေါင်း များစွာ ရပ်နေလေသည် ကားရှေ့ခန်းရှိ အနက်ရောင် ဝတ်စုံပြည့်ဖြင့် လူတယောက် ထွက်လာပီး ကားနောက်ခန်းကို တံခါးဖွင့်ပေးလေသည် ကားနောက်ခန်းမှ လူဟာ ဘယ်လောက်‌ချမ်းသာသည်ကို နောက်က ကားတေကို ကြည့်တာနဲ့ သိသာသည် သူဟာ ဆေးရုံဝင်းထဲသို့ ရောက်လာပြီး ကောင်တာသို့ မေးငေါ့ပြသည် အရိပ်အကဲကို နားလည်သောသက်တော်စောင့်တေဟာ ကောင်‌တာသို့
ချက်ခြင်းသွားပြီး ကောင်တာရှိ အမျိုးသမီးအား

"မစ္စတာ ရှောင်ကျန့်ရဲ့ အခန်းနံပါတ်?"

"‌VIPလူနာမလို့ ဆေးရုံရဲ့စည်းမျဉ်းအရ ကျွန်မပြောပြလို့ မရပါဘူးရှင့်"

သက်တော်စောင့်ဟာ နောက်တခေါက် ထပ်မေးသည်

"မစ္စတာ ရှောင်ကျန့်ရဲ့ အခန်းနံပါတ်?"

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now