Arc (7.6)

4.3K 387 40
                                    

Zawgyi

Senoနဲ့ Oliverက အသံလာရာ ဆိုင်ပေါက်ဝကို လှမ်းကြည့်သည်

Senoက ဘယ်သူတွေဆိုတာ သိတာနဲ့ နှာခေါင်းရှုံကာ ခေါင်းကိုပြန်လှည့်လိုက်သည်

ဆန့်ကျင်ဘက်ဖြစ်စွာ Oliverကတော့ မျက်လုံးထဲက အသဲပုံတွေ အပြင်ထွက်မတတ်ကို ငမ်းနေတာ....

ထိုသူတွေက Johnနဲ့ Jameဖြစ်သည် Jackကတော့ ပါမလာချေ....

Jameနှင့် Johnသည် ယနေ့ ကုမ္ပဏီချင်းပူး​ပေါင်းလိုက်သည့်နေ့ပင်...အရင်ကတော့ တသီးတခြားစီနေခဲ့ပေမဲ့ အခုကမရ ညီအစ်ကို သုံးယောက်က တစ်ယောက်ထဲကို ချစ်မိကြသည်ကြောင့် သုံးယောက်...အဲ...Leoနဲ့ပေါင်းရင် လေးယောက်ပေါ့ လေးယောက်လုံး အချင်းချင်း ပူးပေါင်းပြီး တစ်ယောက်သော ချစ်ရသူကို ကာကွယ်ကြမည်ဖြစ်သည်။

ယနေ့က Johnနဲ့ Jameနဲ့ ပူးပေါင်းသည့်နေ့မို့ စာချုပ်ချုပ်ပီးသည်နှင့် ဆွေးနွေးရမှာက ကျန်နေသေးသည် ဒါကြောင့် လေးယောက်လုံးတပြိုင်တည်း ချိန်းထားတဲ့ ကော်ဖီဆိုင်ကို လာလိုက်ကြသည် Johnနဲ့ Jame က အရင်ရောက်တာဖစ်ပြီး Jackနဲ့ Leoက နောက်မှ ရောက်လောက်သည် မထင်မှတ်ထားစွာပင် Johnနဲ့Jameသည် ဆိုင်ထဲတွင် ချစ်ရ​သူနဲ့ တည့်တည့်တိုးတော့သည်။

နှစ်ယောက်လုံးက ဝမ်းသာလုံးစို့ကာ ခေါ်လိုက်ကြသည် သူတို့ချစ်ကလေးက တချက်သာ လှည့်ကြည့်လာပြီး ပြန်လှည့်သွားလေသည် ဒါပေမဲ့လဲ သူတို့က ထိုအကြည့်တချက်ကြောင့် ပြုံးပြုံးကြီးဖြစ်သွားတယ်...သူတို့က မဆိုင်းမတွပဲ Senoတို့ စားပွဲမှာ ဝင်ထိုင်ပြီး

Jameက
''တိုက်ဆိုင်လိုက်တာ....ဒါက ဖူးစာလား...ရေစက်လား''

''ကလေး...ဘာစားချင်လဲ မှာလိုက်...ကိုယ်ရှင်းပေးမယ်...''Johnက နူးညံ့လွန်းသော လေသံနဲ့ ပြောပြန်တယ်...

Jameကလည်း နောက်ကျမခံ
''ပေါက်စလေး...နေ့လည်က ဘာစားခဲ့လဲ ခုတောင် ညနေရောက်နေပီ...ဘာစားမလဲ မှာလိုက်...''

Johnနဲ့ Jameက Senoမျက်နှာ တကမ္ဘာဖြစ်နေကြပြီး Senoရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Oliverကို လုံးဝမမြင်ပေ.

Oliverနောက်တကြိမ် လက်သီးဆုပ်မိပြန်သည် Jameဆိုတာက အရင်က သူပိုင်ဆိုင်ခဲ့ရသူတစ်ယောက်...အဲ့ဂရုစိုက်မှု...အဲ့အပြုအမူ...အဲ့လေသံတွေ..အဲ့နွေးထွေးမှုတွေက အရင်က သူပိုင်ခဲ့တာ...သူ့အပိုင်...အခုတော့အပျက်ကောင် ရဲ့ မြှူစွယ်မှုတွေကြောင့်အဲ့လို အပျက်ကောင်ဆီ သူ့လူကပါသွားရတာ....ဒီကောင်....

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now