Uni
ယခုဆို ဟိန်းမာန်ထက်နဲ့ ရှိုင်းမင်းခန့် တွဲလာတာ ၁ပတ်ရှိပီ...ရှိုင်းမင်းခန့်ရဲ့မေမေကို တွဲနေကြောင်း ဖွင့်ပြောတော့ မေမေက လူငယ်သဘာဝကိူ နားလည်ပေးကါ သဘောတူပေးသည်။
ယခုက ဟိန်းမာန်ထက်က သူတို့နှစ်ယောက် သီးသန့်နေနိုင်ရန် ကွန်ဒိုတစ်ခုကို ဝယ်ပြီး နေကြသည်
ဟိန်းမာန်ထက်မှ TVကြည့်နေတဲ့ ရှိုင်းမင်းခန့်ကို ကြည့်ပီး မျက်နှာသေးသေးလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူ့ဘက်သို့ လှည့်စေပီး
"ကလေး..''
"ဟမ်...''
"ကိုယ့်ကိုလေ...မောင်လို့..ခေါ်ကြည့်...''
ရုတ်တရက်ကြီး ထပြောတာမို့ ရှိုင်းမင်းခန့်က ကြောင်အသွားသည်။
"ခေါ်လေနော်...''
ဟိန်းမာန်ထက်က ချွဲသလိုမျိုးပြောလာတာကြောင့် ရှိုင်းမင်းခန့်က အရည်ပျော်ကျပြီး သူက ဖြေးဖြေးချင်း အားယူပြီးခေါ်လိုက်တယ်
"မောင်~~''
ရှိုင်းမင်းခန့်က တစ်ခါမှ ဒီလိုမျိုး သူ့လူကြီးကို မခေါ်ဖူးတာကြောင့် ပါးနှစ်ဖက်က ရဲနေလေရဲ့....
ဟိန်းမာန်ထက်က ကျေနပ်ပြုံးကြီးကို ပြုံးပြီး
"အိုက်ယိုး....ကိုယ့်ချစ်သူလေးရဲ့ခေါ်သံလေးက ချိုလိုက်တာ....ကိုယ့်ကိုလေ..အရင်ရည်းစားတွေတုန်းက ခေါ်ခံရဖူးပေမဲ့ ကိုယ့်ရဲ့ဟောဒိက ရည်းစားလေးရဲ့ ခေါ်သံက အချိုဆုံးပဲ..''ဆိုကာ လွှတ်ခနဲ ပြောလေတယ်သူက မဲမှောင်စွာ ကြည့်နေတဲ့ ရှိုင်းမင်းခန့်ကို သတိမထားမိဘူး အားရပါးရကို ပြောချလိုက်တာ....
သူပြောပီးမှ သူ့ကလေးဘက်ကို လှည့်ကြည့်တော့ ကလေးက သူ့ကို မှုန်တေတေနဲ့ ကြည့်ပီး ခပ်တည်တည်နဲ့ မျက်နှာလွှဲပြီး TVကို ဆက်ကြည့်နေတယ်...
သေစမ်း!!...ဟိန်းမာန်ထက်ရေ!!...အရင်က ရည်းစားတွေကြောင်း သေမိူ့ ဒီပါးစပ်က ထွက်တာလား....ဟိုမှာ စိတ်ဆိုးသွားပီ...ချော့ပေအုံးဟေ့!!
ဟိန်းမာန်ထက်..သူ့ကိုယ်သူ ကျိန်ဆဲပီး သူ့ချစ်သူရေဲ့ လက်ကလေးကို လှမ်းပြီးအုပ်ကိုင်လိုက်တယ်....သူ့ကလေးလေးက မျက်နှာကို လှည့်မလာတော့တာ....
YOU ARE READING
ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)