Arc (7.7)

4.2K 365 34
                                    

Unicode

Senoနောက်ကလူတွေ ဘယ်လိုကျန်ခဲ့လဲ Senoဂရုမစိုက်ပဲ ထွက် လာခဲ့သည် ဟမ့် ဘာတတ်နိုင်သေးလဲ သူ ရပ်ထားတဲ့သူ့ကားနားကို သွားမဲ့ အချိန်မှာ သူ့ရဲ့ဂုတ်ကို တစ်စုံတစ်ခုနဲ့ အရိုက်ခံရတယ် မေ့မလဲခင် ကြားလိုက်ရတာက

''sorry bae....မင်းကိူ ချစ်လို့ ဒီလိူလုပ်ရတာပါ''ဆိုတဲ့ အသံကို ကြားလိုက်ရသေးသည်။

ယီးကို Bae...ယီးကိူချစ်...ဒါကတော့ မေ့မလဲခင် သူစိတ်ထဲဆဲမိတဲ့ စကား...

သူပြန်နိုးလာတဲ့အချိန်မှာ....သူ့ရဲ့မျက်လုံး​ြ မှုန်ဝါးဝါးဖြစ်နေတယ်..ခနတာ အရိုက်ခံရတဲ့ နေရကို ကိုင်ပြီး မျက်လုံးခနမှိတ်လိုက်တယ်....နည်းနည်းခေါင်းကြည်လာမှ မျက်လုံး ဖွင့်ပြီး ရောက်နေတဲ့ နေရာကို ကြည့်လိုက်တယ်....

ပြီးတော့ Xianကိူ လှမ်းမေးလိုက်တယ်...

'Xian...ငါဘယ်ရောက်နေတာလဲ...'

[အဟမ်း Hostကိူ နောက်ကနေရိုက်လိုက်တာ Leoပါ...ပြီးတော့ Hostကို ကားထဲသယ်သွားတာက Jackဖြစ်ပြီးတော့ အခု ရောက်နေတာက Jameရဲ့ ကိုယ်ပိုင် အပန်းဖြေစံအိမ်တွေထဲက တခုဖြစ်ပြီးတော့ အိပ်ခန်းထဲကို ချီလာတာက Johnပါ]

Xianရဲ့ ရှင်းပြမှုအဆုံး စိတ်တိုလွန်းလိူ့ အော်ပစ်လိုက်ချင်တယ်...အဲ့နွားလိုကောင်တွေက ဘာလာဖြစ်နေတာလဲ...သူနဲ့ ကင်းကင်းရှင်းရှင်း မနေပေးနိုင်ဘူးလား!.....

'ကျွီ..'ဆိုတဲ့ အသံနဲ့အတူ အခန်းတံခါးပွင့်လာသည်...

Senoက လှမ်းကြည့်လိုက်တော့ တံခါးဖွင့်တဲ့သူက Jame...သူက မျက်နှာငယ်ဖြင့်Senoဆီ လှမ်းလာပြီး လက်ထဲမှာ အစားအသောက်ဗန်းနဲ့....

'Xian...ငါ့မျက်နှာချင်းဆိုင်က ပြတင်းပေါက်က ခုန်ချရင် သေလောက်လား'

[အခုHostရောက်နေတာက ဒုတိယထပ်ပါ အရမ်းတော့လည်း မမြင့်ဘူး...ဒါပေမဲ့ Host ခုန်ချရင်တော့ အနည်းဆုံး တလလောက် ဆေးရုံမှာ ဖြတ်သန်းရုံလောက်ပဲ..]

'ရတယ်...ဒီခွေးကောင်တွေ လက်က လွတ်အောင် သွားမှာ...အရင်ဆုံး အောက်မှာ ဘာရှိလဲကြည့်ပေး..'

[အောက်မှာက ခြံအပင်အနည်းငယ်တော့ ရှိတယ်....]

'အေး...အရင်ဆုံးမီးစင်ကြည့်ကလိုက်အုံးမယ်...'

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now