Arc (8.6)

3.4K 347 21
                                    

Unicode

ပိုင်လီဟုန် ဟာ ခမည်းတော် ခုတလော သည်းသည်းကြီးဖြစ်နေတဲ့ လူဆီရောက်နေတာ ဖြစ်တယ်

ခမည်းတော်သည်းသည်းလှုပ်ရင်လဲ လှုပ်ချင်စရာ ထိုကောင်ငယ်လေးက ကွပ်ပျစ်တစ်ခုပေါ်တွင်ထိုင်နေသည် ကလေးယောင်ဆောင်နေတဲ့ ခမည်းတော်နဲ့ ရီရီမောမောပင်

ထိူလူသည် ရီလိုက်ရင် ပါးမို့မို့ဟာ ဖောင်းတက်သွားပီး မျက်လုံးလေးတေ မှိတ်သွားတယ် ခမည်းတော် ပြောသမျှကို ခေါင်းငြိမ့်ပြီးနားထောင်‌နေတာ လူကြီးတစ်ယောက်အလား ဆံနွယ်ရှည်တို့အား တဝက်စည်းပီး နောက်တစ်ဝက်ကို ဖြန့်ချထားသည်

'အဟက် ခမည်းတော် ကျွန်တော့်ကို ခွင့်လွှတ်နော်'

ပိုင်လီကျင့်ဟာ သူ့ကလေးနဲ့ ရီမော ပြောနေရာကနေ မိစ္ဆာဓာတ်ကိုရသည် မိစ္ဆာဓာတ်က ရှိသည်ဟုပင် လုံးဝမထင်ရ...သေချာ ဖုံးဝှက်ထားပုံပင်

ကျွမ်းကျင့်အဆင့်နဲ့ မိစ္ဆာတွေသာ ကိုယ့်ရဲ့ မိစ္ဆာဓာတ်ကို ဖုံးကွယ်နိုင်ကြသည် ဘယ်သူဖြစ်နိုင်မလဲ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးတော့ မဖြစ်နိုင်..ပိုင်လီဟုန်လား ပိုင်လီဟုန်ရဲ့ လူယုံလား ကျစ်!

"ရန်ရန် ဘာဖြစ်တာလဲ "

ရှောင်ဟွားဟာ သူနှင့် ရီမောရင်း ရုတ်တရပ် ငြိမ်ကျသွားတဲ့ ရန်ရန်ကြောင့် သူ ကြောင်အကာ။ မေးလိုက်သည်

ပိုင်လီကျင့် ခေါင်းရမ်းလိုက်ပီး ပြန်ရီပြလိုက်သည် ဒါပေမဲ့ သူ့စိတ်ထဲ သေချာနေတာက မွေးစားသားဖြစ်သူ ဘာကြောင့် ဒီရောက်နေလဲပင်

ဟုတ်သည် ပိုင်လီဟုန်ဟာ သူ့ရဲ့ သေသွားတဲ့ အစ်ကိုတော်ရဲ့သားပင် သို့ပေမဲ့
အစ်ကို တော်က နတ်သမီးတစ်ပါးနဲ့ချစ်ကြိုက်မိပီး ကောင်းကင်ကသိကာ အပြစ်ပေးခံရပြိး သေဆုံးသွားခဲ့တာဖြစ်တယ် ကလေးတစ်ယောက်ကတော့ သူ့စီ သောင်တင်နေခဲ့ခြင်း ပိုင်မျိုးနွယ် သုံးယောက်ထဲ တစ်ယောက် သေဆုံးသွားခဲ့သည် ညီတော်က အဲ့ကိစ္စကို မကျေနပ်တာကြောင့် ယခုထိ ကောင်းကင်ကနတ်တေနဲ့ တည့်လေ့မရှိ

ပိုင်လီဟုန်တွင် အကြံအစည်တစ်ခုခု ရှိနေပုံပင် လွန်ခဲ့တဲ့ တလလောက်က လနတ်သမီးအား သားတော်မှ ချစ်ကြိုက်ခဲ့သည်ဟု ဖွင့်ဟလာသည် အမှန်တကယ်မြတ်နိုးကြောင်း အမှန်တကယ်ချစ်ကြောင်း လနတ်သမီးကိုသာ မရမက ယူမည့်အကြောင်း မကြားချင်မှ အဆုံးကြားခဲ့ရသည်။ သူ့အနေနဲ့တော့ ကန့်ကွက်စရာမရှိ ခက်တာက ကောင်းကင် မင်းကြီးပင် လနတ်သမီးက  ကောင်းကင်မင်းကြီးရဲ့သမီးတော်ဖြစ်နေသည့်အတွက် ရဖို့ရန် ခဲယဉ်းမည်။ ဒါကိုလဲ သားတော်အား ပြောပြကာဖြောင့်ဖြဖူးသည် သို့ပေမဲ့ သားတော်ဟာ လနတ်သမီးကို စွဲလမ်းနေသည်ကြောင့် ဘယ်အရာကိုမှ မမှုဟု ပြောခဲ့သည် အမြဲ ဘယ်ကိစ္စမဆို သူ့ကို အရင် တိုင်ပင်တတ်သူသားတော်ဟာ အခုက ဘာကိစ္စကြောင့် ရောက်လာသလဲ မသိ ဘယ်အချိန် ရောက်လာမှန်းမသိလိုက်ရချေ ...

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now