Arc (7.9)

3.9K 339 58
                                    

Unicode

"သား..ညနေ၆နာရီကျရင် A Cityမှာ ပွဲတစ်ခုရှိတယ်...အဲ့ပွဲကျရင် သားရဲ့ ချစ်သူJameနဲ့ Jackကို ပြန်ချော့လိုက်နော်...''

"ဟုတ် Daddy...Jameနဲ့ Jackက အမြဲ သူတို့ပဲ ချော့နေရတော့ ဒီတခါ သားကို ပြန်ချော့ရအောင်လို့ စိတ်ကောက်သွားတာ နေမှာ ''

"သား..ဒီနေ့ပွဲမှာ Mommyတို့ စီစဥ်ထားသလိုပဲ လိုချင်တယ်နော်''

"အွန်းပါ...''

Oliverတို့မိသားစုက သူတို့ရဲ့ အိမ်မှာ အကြံဥာဏ်ကို အစွမ်းကုန် ထုတ်နေကြသည်။

ဟမ့် သေချာပေါက်ကိူ Jameနဲ့ Jackက သူငိူပြလိုက်ရင် စိတ်ပြန်လည်လာမှာပဲ အဲ့ကျမှ Senoကို ကောင်းကောင်းသင်ခန်းစာ ပေးပြမယ်

Oliverအခန်းထဲမှာ အဝတ်အစားရွေးနေတုန်း သူ့ရဲ့အဖေဖြစ်သူမှ
"သား...ပွဲကို K Groupကပါ တက်မှာတဲ့...''

"K Group?အဲ့ဒီရဲ့ CEOက Leoမလား...''

"ဟုတ်တယ်...ပြီးတော့ Y Group..ရော...''

"အဲ...Y Groupက Johnမလား''

"သား ဒီနေ့ ပါတနာကောင်းတွေအများကြီး ရှာထားနော်..''

"Daddyရာ...စိတ်ချလိုက်...သားရဲ့ ချောမောမှုတွေက သူတို့ရုန်းမထွက်နိုင်ပါဘူး''

"Daddyသိပါတယ်ကွ...ငါသားက မွေးကတည်းက စိတ်ကောလူကော လှပြီးသားကို...ငါ့သားသဘောကျတဲ့သူက ပြန်မကြိုက်ဘဲနေရိုးလား''

"Daddyကလည်...''

"ကဲပါ...စီစဥ်စရာရှိတာစီစဥ်ပြီး ဆင်းလာခဲ့နော် Daddyတို့ အောက်မှာ စောင့်နေမယ်...''

"ဟုတ်..''

Oliverသူ့ရဲ့အဖေ ထွက်သွားတာနဲ့ တစ်စုံတစ်ယောက်ကို ဖုန်းဆက်ပြီး

"ဘာလုပ်နေလို့ ငါ့ဖုန်းကို မကိုင်တာလဲ!!!"

"......"

"ကောင်းပီ..ထားလိုက်တော့... ကိစ္စတွေ..ငါပြောစလို စီစဥ်ပီးပိလား''

".....''

"အေး...ပိပိရိရိဖြစ်ပစေ...သဲလွန်စမကျန်စေနဲ့...''

"....''

"ငါပြောပြီးပြီလေ...ငါက Jameနဲ့Jack တို့ရဲ့ တရားဝင်ယောကျ်ား...''
(A/N-ဟိုကဖြင့် နင့်ကို ကွာရှင်းပြီးနေပီ)

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now