Arc (8.5)

3.5K 343 24
                                    

Unicode

ရှောင်ဟွားယခု ထို ပိုင်ယွီထုန်ဟူသော သူဆီမာနေနေရတာ ဖြစ်သည် ရန်ရန်‌တယောက်လဲ အဆင်မှပြေရဲ့လား မသိ ရန်လေးစီ မရတာ နှစ်ရက်ရှိပီ

ပိုင်ယွီထုန်ဆိုသူက မိစ္ဆာဘုရင်ရဲ့ ညီတော်ဖြစ်ပြီး  ပိုင်ယွီထုန်က နတ်တေနဲ့ အပေါက်အလမ်းတည့်လေ့ မရှိ နတ်တစ်ချို့ဆို ပိုင်ယွီထုန်အား ကြောက်ကြရသည် လူ့လောက တွင်‌ ပိုင်ယွီထုန်အား နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသည် ပိုင်ယွီထုန်ရဲ့ ပုံတူ ပန်းချီများအား ရေးဆွဲကြပီး နတ်ကွန်းများဆောက်ကာ ကိုးကွယ်ကြသည် ခက်တာက ပိုင်ယွီထုန်က မိစ္ဆာပင်....ပိုင်ယွီထုန်နဲ့ မိစ္ဆာဘုရင်က တည့်သည်ဆိုတာ မရှိ ပြိုင်လုနေကြတာချည်းပဲ

ရှောင်ဟွား အတွေးလွန်နေချိန် မှာ တံခါးက ပွင့်လာပီး အနက်ရောင် ဝတ်ရုံရှည်နဲ့ လူနှစ်ယောက် ရောက်လာလေတယ် ပထမ တယောက်မာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည် မြင်ရသလောက်ဆို ထိုလူသည် အရပ်က 6ပေ ကျော်လောက်မည် ကြည့်ရသည်မာ ထိုလူက မိစ္ဆာဘုရင် ဖြစ်ပုံရသည်

နောက်တစ်ယောက်ကလည်း အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည် ဆံပင်ကို တစ်ဝက်ခွဲစည်းထားပြီး ရွှေရောင် ဆံထိုးကို ဇာမဏီပုံဖော်ထားလေသည် အရပ်က မိစ္ဆာဘုရင်ထက် နည်းနည်းလေး ပုနေလေသည်

'ငါ့နှယ် သူတို့နှစ်ယောက်ကို ပေးစားချင်လာပီ '

[Hostရယ်ಥ‿ಥ]

"ဟွားငယ်"

"ကလေး"

နှစ်ယောက်လုံးထံမှ ပြိုင်တူ ခေါ်လာတာကြောင့် ရှောင်ဟွားမှာ ကြောင်အသွားခဲ့သည်

ပိုင်လီကျင့် ဟာ သူ့ရဲ့ ညီတော်ကို အကြည့်တစ်ချက်ပေးလိုက်ပီး ရှောင်ဟွားဘက်ကို လှည့်ကာ

"ကလေး ကိုယ်နဲ့ လိုက်ခဲ့ချင်လား"

"ဟွားငယ် ဒီမာ ပဲ ဆက်နေ"

"မင်းနဲ့ ဘာဆိုင်လို့လဲ"

"ဟွားငယ်ကို ခေါ်သွားချင်ရင် အစ်ကိုတော် ကျွန်တော့နဲ့ ရင်ဆိုင်ရမာပဲ"

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now