Arc (6.9)

4.2K 377 28
                                    

Unicode

ရှိုင်းမင်းခန့်၏ဖခင် ဦထိန်လင်းသည် ရှိုင်းမင်းခန့် ၇နှစ်အရွယ်တွင် ယာဥ်တိုက်မှုဖြင့်သေဆုံးသွားသည်။

ယခုရှိုင်းမင်းခန့်သည် အသက် ၂၀ရှိနေလေပြိီ သူ့အဖေရဲ့ ၁၃နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် မနက်၄နာရီ ထကာ အမေ့ကို ဟင်းချက်ကူလိုက်သည်ဆွမ်း အမှီ အကုန်ချက်လိုက်ပီး နီးစပ်ရာ ဘုန်းကြီးကျောင်းတွင်ဆွမ်းကပ်ခဲ့သည်။

ထို့နောက် ဘုရားသို့ သွားကာ အဖေ့အားရည်စူးပြီး အလှူဒါနပြုလုပ်ခဲ့သည်

ထို့နေ့တွင် အမေက ဆိုင်မထွက်ပဲ နားလိုက်သည်။ရှိုင်းမင်းခန့် ယနေ့လဲ ဆိုင်ရှင်အမအား အကျိုးအကြောင်းပြောပြီး နားလိုက်သည် တော်သေးသည် ဆိုင်ရှင်အမက သဘောကောင်းသူမလို့...

သူအိမ်သို့ ပြန်လာသည့် လမ်းတွင် ဖွားဖွားကြီးတစ်ယောက်က ပစ္စည်းအစုံကို ချရောင်းနေသည် သူလဲ သနားတာရော...စိတ်ဝင်စားတာရောကြောင့် ထိုင်ကာ ကြည့်လိုက်သည် ပြီးနောက် သူက အဖြူရောင်လက်စွပ်ကလေးတစ်ခုကို ကောက်ကိုင်လိုက်ပြီး ပြုံးကာ ဖွားဖွားအားလှမ်းမေးသည်

"ဖွားဖွား..ဒီလက်စွပ်လေးက ဘယ်လောက်လဲဗျ''

ဖွားဖွားကြီးက မပြုံးမရယ်မျက်နှာဖြင့် သူ့အား ကြည့်ပီး စကားတစ်ခွန်းပြောသည်
"လက်စွပ်ကို စွပ်ကြည့်ပါ''

ရှိုင်းမင်းခန့်လဲ နာနာခံခံဖြင့် လက်စွပ်ကို စွပ်ကြည့်သည် အံဩစရာကောင်းစွာဖြင့် လက်စွပ်သည် သူ့ရဲ့ လက်သူကြွယ်တွင် အံဝင်ခွက်ကျ ဝင်သွားသည်။

ဖွားဖွားကြီးဟာ ပြုံးပြီး
"အင်း...လက်စွပ်က ပိုင်ရှင်ကို ရှာတွေ့သွားရှာပြီပဲ..''

သူသည် ဖွားဖွားကြီးကို နှုတ်ဆက်ပြီး သူလက်စွပ်လေးကို ကြည့်မိသည် သူ့ရဲ့လက်တွင် လိုက်ဖက်ညီစွာ လက်စွပ် အဖြူရောင်လေးက  လှလှပပ ရှိနေလေသည် ဒါက သူ့ကို ခံစားချက်တစ်မျိုးပေးစွမ်းသည် ။

ဖွားဖွားကြီးက သူထွက်သွားဖို့ ထတဲ့အချိန်မှာ ပြောလေသည်
"မင်းတိူ့ရဲ့အချစ်ကို ကံကြမ္မာက စမ်းသပ်တဲ့အခါ...မင်းက အောင်မြင်စွာ ကျော်ဖြတ်နိုင်ရမယ်...''

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now