Arc (6.8)

7.2K 415 23
                                    

Unicode

[ဖြစ်နိုင်ရင် သူ့အမေကို မသေစေချင်ဘူးအောင်မြင်ပြီး point1000ရရှိ]

ရှိုင်းမင်းခန့်ရဲ့အမေက ဟိန်းမာန်ထက် ကျေးဇူးကြောင့် ရောဂါပျောက်သွားခဲ့တယ်

တစ်လကြာသော်

ယခုထိ ရှိုင်းမင်းခန့်..ဟိန်းမာန်ထက် ချစ်ကြောင်းကို မပြောပြသေးဘူး...ဟိန်းမာန်ထက်ကြောင့် mission အောင်မြင်သွားပေမဲ့ပေါ့ သူက ဒီအတိုင်း မူလကိုယ် အတွက် လုပ်ပေးတာပါ(A/N- မူရင်မူတယ်ပေ့ါဝွန်း ( ˘ω˘ ))

သူလူကြီးအပြစ်မရှိတာ သိတာပေါ့

ဒါပေမဲ့ဟိန်းမာန်ထက်က တစ်နေ့တစ်မျိုးမရိုးအောင် အကြောင်းပြချက်ပေးပြီး. အိမ်လာတယ်...ဒီလူကြီးက အရင်ကမ္ဘာက အကွက်တွေကို သိပ် လုပ်တာပဲ ဒါပေမဲ့လဲ သူက အဲ့ဒါကိုပဲ ချစ်နေရတာလေ..အဟိ><

သူအတွေးနဲ့သူ ပျော်နေတုန်းမှာ သူ့ရဲ့ပါးကနွေးခနဲ ဖြစ်သွားတယ် သူပါးကို.အုပ်ကိုင်ကာ ဘေးကို ကြည့်လိုက်တော့ ဟော အသက်ရှည်ပါအုံးမယ် သူဘုတောတော ကြည့်ပေးလိုက်တယ် တော်သေးတာပေါ့ မေမေက ဆိုင်မှာဖြစ်ပြီး သူက အိမ်ထဲမှာမို့.......

ဟိန်းမာန်ထက်က သူ့ရဲ့ရင်ဘတ်ကို အုပ်ကိုင်ပြီး
''ကလေးလေး...ကိုယ်နှလုံးသားလေးက အစကတည်းက မင်းကိုမြင်ရင် အခုန်မြန်ပီး ချစ်မဝ​ဖြစ်နေပါတယ်ဆို.........အခု မင်းအကြည့်ကြောင့် ကိုယ်ချစ်လွန်းလို့ ဆွဲနမ်းပစ်ချင်လာပီ....''

ရှိုင်းမင်းခန့်က မျက်လုံးကို လိမ့်လိုက်ပီး
''အဲ့မှာ ရူးနေလိုက်!...''

''ကိုယ်က မင်းကိုပဲ ရူးတာပါနော်..''

ရှိုင်းမင်းခန့်လဲ ဘာမှ ပြန်မပြောနိုင်တော့တာကြောင့် စကားလမ်းကြောင်း လွှဲခဲ့တယ်

''ကျွန်တော် မနက်ဖြန် ကျရင် အဖေ့ရဲ့ နှစ်ပတ်လည်နေ့အတွက် ပြင်ဆင်စရာရှိတယ်...''

''ဟုတ်လား...ကိုယ်ဘာလာကူညီပေးရအုံးမလဲ''

''မလိုပါဘူး...''

အဲ့အချိန်မှာ ရှိုင်းမင်းခန့် ရဲ့ အမေက အိမ်ထဲဝင်လာပြီး

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now