Arc(7.8)

4K 353 31
                                    

Unicode

Senoမနက် မျက်လုံးစဖွင့်တာနဲ့  သူက ရေချိုးခန်းထဲဝင်ကာ သန့်စင်လိုက်ပြီး ယောင်ပြီး ဗီဒိုကို ဖွင့်ပြီးကြည့်ပီးမှ သူ့အိမ်မဟုတ်မှန်း သတိရသည်။ ဗီဒိုထဲမှာ အဝတ်တွေတော့ ရှိပါရဲ့...ဒါပေမဲ့ မဝတ်ချင်ဘူး..သူ့ဒီတိုင်း မနေ့က ဝတ်စုံနဲ့ပဲ အောက်ဆင်းလာသည်။

အောက်ဆင်းလာပြီး မနက်စာစားရန် ထမင်းစားစားပွဲသို့ သွားချိန်မှာ လေးယောက်သား အကြည့် စစ်ပွဲဖြစ်နေကြသည်။  ဒါပေမဲ့ သူတို့က Senoဝင်လာတာမြင်သည်နှင့် မျက်လုံးတို့က ချက်ချင်းပင် နူးညံ့ပြီး အလိုလိုက်မဲ့ အရိပ်အယောင်တွေ တဖျတ်ဖျတ်ထနေကြသည်..

Leoမှ ခုံကထကာ မျက်နှာမှာ အပြုံးပန်းတွေ ဝေပြီး
"Bae..အဲ...Xiaoလေး...လာ..''

Johnမှလဲ..
"ကလေး...အဲ...Xiao Xiao..လာ...ဒီမှာ မုန့်တွေ အများကြီးပဲ...''

Jameကလည်း နောက်ကျမခံ
"ပေါက်စ...အဲလေ...Xiao...ကိုယ်မုန့်တွေ အများကြီးဝယ်ပေးထားတယ်''

Jakeက ရွှင်ပြနေသောမျက်နှာဖြင့်
"Honey...အာ...Xiaoသခင်ပေါက်စ...ဒါစားပြီးရင် သွားမဲ့နေရာ ကိုယ်လိုက်ပို့မယ် ''

Senoမှာ တစ်Xiaoတည်း Xiaoနေသော လေးယောက်အား ကြောင်စီစီပြီး ရပ်ကြည့်နေမိသည်...သူဘယ်တုန်း သူ့ကိုXiaoဆိုတဲ့ နာမည်ထည့်ခေါ်ဖိူ့ ပြောမိလို့လဲ...

တကယ်တော့ John,Leo,Jame,Jakeတို့က Senoပြောသမျှ အသေးအမွှားလေးက အစ မှတ်ထားလေ့ရှိနေခြင်း...

Senoရဲ့ပါးစပ်ဖျားမှ ရုတ်တရပ်ထွက်လာမိသော နာမည်တစ်လုံး Senoရဲ့ အမှန်တကယ်နာမည်မှန်း သူတို့ရိပ်မိလိုက်သည် ဒါကြောင့် နာမည်အရင်းအား ဦးနှောက်ထဲနှင့် နှလုံးသားထဲအား စွဲနေအောင်မှတ်ကာ တမ်းတမ်းစွဲခေါ်နေခြင်းဖြစ်သည်

ပြီးတော့ သူတို့ရဲ့ ပါးစပ်ကို အရသာခံလိုက်ရသေးသည် ယောင်သလိုနဲ့ Baeတို့ ကလေးတို့ ပေါက်စတို့ Honeyတိူ့ ခေါ်လိုက် ရသေးသည်။

Senoသတိပြန်ကပ်လိုက်ပြီး သူက သူ့အတွက် နေရာမှာဝင်ထိုင်လိုက်ပီး လေးယောက်လုံးကို ခြံငူံကြည့်ကာ
"ကျေးဇူးပြုပိး ကျွန်တော့်ကို Senoလို့ပဲ ခေါ်ပါ...''

ကြာပန်းဖြူတွေကို ဖြုတ်ချမယ်/ကြာပန်းဖြူတွေကို ဖြုတ်ချမယ်(uni/zaw)Where stories live. Discover now