1 (𝖴𝗇𝗂𝖼𝗈𝖽e)

1.2K 91 19
                                    

"Dandelionတွေက ဆုတောင်းမပြည့်​ေစဘူး"

"ဘာလို့အဲ့လိုတွေးရတာလဲ Hyung"

သူတို့အတူတူရှိနေတဲ့ ပန်းခင်းကြီးက လေတဖြူးဖြူးနဲ့ အဖြူရောင် Dandelionsတွေကလည်း ပြည့်နှက်နေတယ်။အခင်းစပေါ်မှာ ပက်လက်လှဲနေရင်း ဖျော့တော့တော့နေရောင်ကို မျက်လုံးမှိတ်ပြီး ကျွန်တော် ခံစားနေမိတယ်။ဖြည့်စွက်ချက်အနေနဲ့ Hyungကိုမေးခွန်းတစ်ခုထုတ်ပြီး အသက်ဝဝ ပြန်ရှူလိုက်တယ်။

"သူတို့က တကယ်ဆုတောင်းဖြည့်ပေးလို့လား"

"ဒါပေါ့ Hyungသိလား ကျွန်တော်ငယ်ငယ်တုန်းက Hyungနဲ့ဘဝတစ်လျှောက်လုံးတူတူရှိသွားဖို့ ဒီပန်းတွေကို ကိုင်ပြီးဆုတောင်းခဲ့တာ အခုပြည့်နေပြီလေ"

"မင်းက အရူးလေးပဲ"

Jeongwoo မျက်လုံးမှိတ်ထားတာကိုဖွင့်ပြီး ထထိုင်လိုက်တယ်။သူတို့ခင်းပြီးထိုင်နေတဲ့ အနီရောင်အကွက်စလေးက လေအားကြောင့် မြေပြင်စမ်းမြမြပေါ်မှာ တလွင့်လွင့်နဲ့ရယ်။

"အင်း Hyungကိုချစ်လွန်းလို့ရူးနေတာ"

သူတို့ နှစ်ယောက် စိုက်ကြည့်နေကြမိတဲ့ အချိန်က အကြာကြီးကြာနေပြီဖြစ်တာကြောင့် Jeongwooက အပြုံးတွေမရပ်တန့်သွားပဲစိုက်ကြည့်​ေနတာကြောင့် တစ်ဖက်လူက ပါးလေးတွေ နီမြန်းလာတော့တယ်။

Jeongwooက သွက်လက်လျင်မြန်တဲ့ ကောင်လေးပီပီ အဲ့ဒီလူကို သူ့အနားလှမ်းဆွဲခေါ်ပြီး အနမ်းတစ်ပွင့်​ခြွေလိုက်တယ်။စွဲမက်မှုတချို့ရောယှက်နေပြီး သူ့ရှေ့ကလူရဲ့ ဂုတ်ပိုးလေးကို လက်နဲ့ကိုင်ထားမိသေးတယ်။လေညှင်းတစ်ခု သူတို့ဘေးက ဖြတ်တိုက်သွားတယ်။နူးညံ့တယ်ထင်ရပေမယ့် ဘယ်သူမှမသိခဲ့တာက အဲ့ဒါဟာ သူတို့ချစ်သူနှစ်ဦးရဲ့ နောက်ဆုံးသော အကြင်နာယုယမှုတစ်ခုဆိုတာပါပဲ။

.......................

"ဒါက ဘာလဲ?"

"ဒီဟာတွေက ဘာလဲ?"

"ဟင်! ဒီအထုပ်တွေက ဘာတွေလဲလို့!"

Bang Yedamဟာ မယုံကြည်နိုင်ခြင်းများစွာနဲ့ သူ့တိုက်ခန်းကနေထွက်သွားဖို့ အထုပ်ပြင်နေတဲ့ လူကိုတွန်းဖဲ့ပြီး မေးနေရတယ်။သူ့ကို တစ်ဖက်လူက အကြောင်းမပြန်သေးဘူး သူကတော့ ကျေးဇူးပြုပြီး မဟုတ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းကလွဲပြီး ခေါင်းထဲမှာ ဘာမှမရှိတော့ပါချေ။

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now