5 (Unicode)

373 57 10
                                    

"Bang designer-nim ရောက်ပြီထင်တယ် ဦးလေးကြီးရေ သွားကြိုလိုက်ပါအုံး"

ခြံပြင်က ဘဲလ်တီးသံကြောင့် Kim Yeriက သူမရဲ့ လက်သည်းပုံဖော်နေတာကိုခနရပ်ခိုင်းလိုက်ပြီး အိမ်ထိန်းဦးလေးကြီးကို ပြောလိုက်တယ်။သူ့အနားကို ဖိုင်တွဲတစ်ချို့ကိုင်ပြီးလျှောက်လာတဲ့ Jeongwooကိုလှမ်းကြည့်ရင်း

"နင် ကုမ္ဘဏီက ပြန်မလာသေးဘူးထင်နေတာ"

"ခုနကပဲ ပြန်ရောက်တယ် ဒါလေးတစ်ချက်လောက် လာကြည့်စမ်းပါ ငါ USက အခြေစိုက်ရုံးခွဲကနေ ရလာတဲ့ စာရင်းတွေ...  စစ်ပြီးပေမယ့် စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့"

"ငါ မအားသေးဘူး ခနနေ ငါ့ရဲ့ Designerလေး ရောက်လာတော့မယ် မင်္ဂလာပွဲအတွက် သတို့သားဝတ်စုံအကြောင်းပြောမို့"

"Designer? Hyungကိုပြောနေတာလား အခု"

ခေါင်းငြိမ့်ပြပြီး အမေဖြစ်သူနဲ့အတူ လက်သည်း ဆက်ပုံဖော်နေတဲ့ တစ်ယောက်သောသူကြောင့် Jeongwooက ခေါင်းရမ်းပြီး အိမ်ထဲကိုအမြန်ပြေးဝင်သွားတော့တယ်။သူ အခုဝတ်ထားတဲ့ပုံက အရမ်းကိုစုတ်ပြတ်နေတယ် ဒါကို Hyungတွေ့သွားလို့ မဖြစ်။အမေကတော့ ကြားထဲက လှမ်းအော်လိုက်သေးသည်။

**ဒီသားတစ်ယောက်နဲ့တော့ အချစ်ပူတွေမိနေလိုက်တာတဲ့**

ဧည့်ခန်းထဲက နားစွန်နားဖျားအသံတွေကြောင့် Jeongwooလည်း အဝတ်မြန်မြန်လဲပြီး ကပျာကယာ ပြေးထွက်လာလိုက်တယ်။ဧည့်ခန်းထဲမှာ သူ့ဘက်ကိုလှည့်လာပြီး ကြောင်ကြည့်နေတဲ့ သူကို Jeongwooက မသိသလိုပဲ မသိချင်ယောင်ဆောင်ထားလိုက်တော့တယ်။

Bang yedamဟာ Jeongwooကိုမြင်မြင်ချင်း ငိုချင်သလိုလိုဖြစ်သွားတယ်။သူ ဒီအိမ်ကို Jeongwooတို့အိမ်မှန်း မသိခဲ့ဘူး တွဲခဲ့တဲ့တစ်လျှောက်လုံးလည်း သူတို့က တိုက်ခန်းတစ်ခုမှာပဲနေဖြစ်ခဲ့ကြပြီး Jeongwooမိသားစုဝင်ဆိုလို့ သူ့အဖေဖြစ်သူ သူဌေးPark တစ်ယောက်တည်းကိုသာ တွေ့ဖူးတာမို့ အိမ်အလည်သွားရဲဖို့ဆိုတာ ဝေလာဝေး။သူတို့တွဲနေတာကို သိတဲ့သူ လက်ချိုးရေလို့ရလောက်တဲ့အထိ သိုသိုသိပ်သိပ်နဲ့ ချစ်ခဲ့ကြပါသည်။

"ညီမ မျှော်နေတယ နေ့လည်လောက်တည်းက"

"ေတာင်းပန်ပါတယ်နော် Jeonjuကနေ ဒီကိုအမြန်ဆုံးလာခဲ့တာတောင် ကြာဖြစ်အောင် ကြာသွားသေးတယ်"

Dandelion • ᵈᵃᵐʷᵒᵒWhere stories live. Discover now